1💵

705 72 14
                                    

Scroll down for zawgyi code users

Zhang Yixing + Kim Junmyeon
{By Emily} 2022

' Sun is alone too,
but still shines '


အာရှရဲ့အကြီးစျေးကွက်ကို လက်ဝါးကြီးအုပ်ထားပြီး၊အရှေ့ဥရောပနဲ့အနောက်နိုင်ငံတော်တော်များများကို တစ်ဦးထဲခြေဆန့်နိုင်သူကတော့ ဂင်မိသားစုရဲ့ဒုတိယမြောက်မျိုးဆက် တစ်ဖြစ်လည်း မိသားစုခေါင်းဆောင်ဖြစ်သည့် ဂင်ဂျွန်မြောင် ဖြစ်သည်။

အခန်းနားဆုံးနဲ့အကန့်အသတ်ဆိုသည့် ဒီဇိုင်းများသာပေါ်ထွက်လာတက်သော N&N jewellery ၊ အဝတ်အထည်..အစားအသောက်..အပန်းဖြေနေရာများ..ကလေးကစားကွင်းများ..ရေကူးကန်..စနူကာ..​ကြီးမားသော golf ကွင်းနှင့် Vintage luxury Room များ ပါဝင်သည့် အာရှရဲ့အကြီးဆုံးနဲ့ပထမဆုံး အပျော်စီးသဘော်အား ပိုင်ဆိုင်ထားသည့် ဂင်မျိုးဆက်ဖြစ်သည်။

အထက်ပါ စီးပွားရေးလုပ်ငန်းများသည် ဂင်ဂျွန်မြောင်တစ်ယောက် မိသားစုခေါင်းဆောင်ဖြစ်လာချိန်မှစ၍ တိုးပွားခဲ့သော စီးပွားရေးများဖြစ်သည်။

ရှည်လျားသည့်အနက်ရောင်ကားကြီးက လှပပြီး၅၅ထပ်မြင့်သည့် ဂင်ကုမ္မဏီရှေ့တွင် ရပ်တန့်လို့သွားသည်။တစ်ကမ္ဘာလုံးတွင် ၃စီးသာ ထုတ်သည့် ထိုအနက်ရောင်ကားပေါ်မှ ခြေတံရှည်ရှည်၊ဖြူဖွေးသောအသားအရည်၊ရှေ့ခေတ်မင်းဆက်များကဲ့သို့ တည်ငြိမ်ကာပြေပြစ်ခန့်ညားသော ရုပ်ရည်ရှိသူသည် ခြေတစ်ဖက်အား လှမ်းထုတ်ကာ ဆင်းလို့လာသည်။

ပြောင်နေသောအနက်ရောင်shose၊အတွင်းမှခြေမျက်စိဖုံးသော ခြေအိတ်အမဲနှင့် ထိုအပေါ်တွင် အနက်ရောင်အစင်းနှင့်မီးခိုးရင့်ရောင် style pant၊အညိုရောင်လည်စည်းပါသော shirt အဖြူပေါ်မှ v သဏ္ဍန်လက်ပျက်ကိုယ်ကျပ်အတွင်းဝတ်ကို ရင်အုပ်ကျယ်ကျယ်အား ဖုံးဖိလျက် ဝတ်ဆင်ထားပြီး၊အမဲရောင် long coat အား ပုခါးပေါ်တွင် ခြုံလွှမ်းလို့ထားလေသည်။

အနက်ရောင်ရှူးဖိနပ်တို့က အနီရောင်ကော်စောထက်တွင် ဝံ့ကြွားကာ၊မာမာထန်ထန်လှမ်းလျှောက်လို့နေခဲ့ပြီး၊ဓာတ်လှေကားထဲ ဝင်ရောက်ပျောက်ကွယ်သွားမှသာ ဝန်ထမ်းများ အသက်ရဲရဲရှူနိုင်ကြတော့သည်။

Sugar Daddy and his candy boy[Complete]Tempat cerita menjadi hidup. Temukan sekarang