Scroll down for zawgyi code users
Zhang Yixing + Kim Junmyeon
{By Emily} 2022"fuck i'm so in love with you
you can't even imagine"ဆယ်ဟွန်းရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ မိဘတွေကို စောင့်ဖို့ ရီရှင်းက လက်ခံလိုက်တယ်။ဂျွန်မြောင်ရဲ့ ကန့်ကွက်သံတွေကြားမှာပဲ ရီရှင်းက ကျောင်းကို ခက်ခက်ခဲခဲသွားလိုက်ရသည်။ဒါတောင် ဂျွန်မြောင်က သူပါလိုက်မည်ဆို၍ ရီရှင်းမှာ အမျိုးမျိုးအကြောင်းပြခဲ့ရသည်။
"ရီရှင်း....ပြန်လာပြီလား"
မတိုင်ခင်က ဆိုဖာလက်ရန်းမှာမေးထောက်ကာ ပျင်းတိပျင်းရွဲထိုင်နေခဲ့တဲ့ ဂျွန်မြောင်က ရီရှင်းကို မြင်လိုက်ချိန်မှာ အပြေးလေးထလို့လာသည်။
"ကျွန်တော့်ကိုယ်မှာ ချွေးတွေနဲ့၊ဦးကို ပေကုန်ပါ့မယ်ဗျ..အဝေးမှာနေနော်.."
ရီရှင်းက ကျောင်းမှာ basket ball လေ့ကျင့်ရခဲ့တာကြောင့် သူ့ကိုယ်က ချွေးများစိုလို့နေသည်။ကျောင်းဝတ်စုံလေးက ချွေးစများကြောင့် ရွှဲနစ်လို့နေပြီး၊အဝတ်အောက်က ဖြူသွယ်သွယ် ခန္ဓာကိုယ်လေးကို မြင်လိုက်ရသည်။သို့သော်လည်း အားကစားလုပ်တဲ့သူဖြစ်တာကြောင့် အဝတ်များအောက်တွင် ဖုံးကွယ်နေသည့် ခန္ဓာကိုယ်က ထင်မထားလောက်အောင်ကျစ်လစ်လို့နေသည်။ကစားသမားများက လေ့ကျင့်ပြီးချိန်တွင် အားကစားခန်းမဘေးကအများဆုံး ရေချိုးခန်းမှာ သန့်စင်ကြသော်လည်း အလွန်ရှက်တက်သည့် ရီရှင်းက အမြဲတမ်း ထို(ချွေးရွှဲနေသည့်)အတိုင်း အိမ်ပြန်လာတက်သည်။
"ဘာမှမဖြစ်ပါဘူး ချွေးတွေနဲ့ဆိုတော့ မင်းက sexy တောင်ကျသေးတယ်၊ကြည့်စမ်းပါအုန်း ယောင်္ကျားဆန်တဲ့ချွေးနံ့လေး.."
အနားတိုးကာ မျက်စိတစ်ဖတ်မှိတ်ရင်း ရွှတ်နောက်နောက်ဆိုလာသည့် စကားကြောင့် ရီရှင်းရဲ့မျက်နှာသေးသေးလေးက ရေနွေးတစ်အိုးကျက်စာလောက် ပူလောင်ကာနီရဲလာသည်။
"ကောင်းပြီ ရှက်မနေနဲ့တော့ ၊လာ ရေချိုးရအောင်.."
ဂျွန်မြောင် ဆွဲခေါ်ရာနောက်ကို ရီရှင်းက ကုတ်ကုတ်လေးပါလို့သွားသည်။
![](https://img.wattpad.com/cover/289675365-288-k327053.jpg)
YOU ARE READING
Sugar Daddy and his candy boy[Complete]
Fanfiction|| Xingho fiction || [ Myanmar] IF You Don't LIKE ME , TAKE A MAP, GET A CAR, DRIVE TO HELL. HAVE A NICE TRIP. (This is not a translation)