Intro

9.3K 283 20
                                    

ဇင်ယော်

မထင်မှတ်ဘဲ ဖြစ်လာတဲ့ ချစ်ခြင်းတစ်ခုက တစ်ဘဝလုံးစာလို့ မထင်မှတ်ခဲ့ဘူး..ဒါပေမယ့် တစ်ဘဝလုံးစာ ချစ်ရတဲ့
အချစ်က အစားထိုးခံ အချစ်ဖြစ်လို့ အရမ်းနာကျင်ရတယ်..

ပိုးသဒ္ဒါမင်း

မင်းကိုချစ်တာလား ကို့ကို ချစ်တာလား တို့မသိဘူး..ဇင်ယော်..ဒါပေမယ့် တို့နှလုံးသားက အခုချိန်ထိ ကို့ကို မေ့လို့မရဘူးဆိုတာပဲ..

မင်းနန္ဒာ

ဖြစ်နိုင်ရင် ကိုယ့်ဘဝကို ပိုးနဲ့အတူတူ ကုန်ဆုံးချင်ခဲ့ပါရဲ့..ဒါပေမယ့် ကံကြမ္မာက ကိုယ်တို့ကို ပေါင်းစည်းခွင့်မပေးဘူးထင်ပါတယ် ပိုးရယ်...

#အေးချမ်းညိမ်း

ကဲကဲ..ဒီစာလေးကိုတော့ သေချာဖတ်ပေးကြပါနော် 👇👇

အခု ဒီ fic ကပေါ့နော် လုံးဝကို စိတ်ကူးယဥ်ပုံစံပါ..အပြင်လောကမှာ ၁၀၀ ရာခိုင်နှုန်းမှာဆိုရင်
99.9 % လောက်က မဖြစ်နိုင်ပါဘူး.. အကြောင်းတိုက်ဆိုင်လို့ 0.01 % လောက်သာ ဖြစ်ချင်ဖြစ်မှာပါ..ဒါတောင် ဖြစ်နိုင်မယ်မထင်ပါဘူး..ဒီဇာတ်လမ်းက စိတ်ကူးယဥ်မို့ အကုန်လုံးက အပြင်လောကနဲ့ လုံးဝ မတိုက်ဆိုင်ပါ..
ဒီလို type မျိုးလေးရေးချင်လို့ ရေးကြည့်တာပါ..ဘယ်လိုပုံစံမျိုးလဲဆိုတာ fic မှာပဲ ဖတ်ကြည့်လိုက်ပါတော့နော်..

Warning ထပ်ပေးပါတယ်.. ဒီ fic ဟာ စိတ်ကူးယဥ်ပါလို့.... 😁😁😁

........

တစ်ခုသောနေရာဝယ် အုတ်ဂူဖြူဖြူလေး တစ်ခုရှေ့၌
လူပေါင်းများစွာဟာ ရပ်ကာ ဝမ်းနည်းကြေကွဲသော
အသွင်ဖြင့်ဆောင်သော အနက်ရောင် ဝတ်စုံများနှင့်အတူ
မျက်နှာပေါ်၌လည်း ကြီးမားသော အရာတစ်ခုကို ဆုံးရှုံးလိုက်ရတဲ့ သဘောဖြင့် ကြေကွဲစွာ ရပ်နေကြ၏။ ထိုထဲမှ အုတ်ဂူအရှေ့၌ ဖြူဖွေးသောအသားအရည်ထက် ပန်းဆီရောင်
နှုတ်ခမ်းပါးတို့ထက် သွားနှင့်ဖိကိုက် ထားသောဒဏ်ကြောင့် တစ်ချို့မှာ ပေါက်ပြဲ၍ သွေးရောင်သမ်းသော ဒဏ်ရာဒဏ်ချက်တွေနှင့်...

ပြစ်မျိုးမှဲ့မထင် လှပသော မျက်နှာ..မြင်တဲ့သူတိုင်း
နှစ်ခါ ပြန်ငေးရလောက်သော မျက်နှာ..သူ့မျက်နှာ၏ အေးချမ်းမှုက မြင်သူတိုင်း ကြည်နူးစဖွယ် ရှိသော
အသွင်ဆောင်ပေမယ့် ယခု ထိုမိန်းကလေး၏
ကြေကွယ်ဝမ်းနည်းနေသော မျက်နှာသည်
မြင်ရသူတိုင်း ရင်ထဲ၌ ဆို့နင့်နေ၏...

Start with Heart And End with Love Where stories live. Discover now