17 💞

3.4K 290 44
                                    

အပိုင်း ၁၇

ဇင်ယော်တို့နှစ်ယောက်တောထဲမှ ပြန်ရောက်တော့ ညနေငါးနာရီထိုးနေပြီဖြစ်သည်။ ညနေငါးနာရီဆိုတာ သိပ်နောက်ကျတဲ့အချိန်တော့မဟုတ်ပေမယ့် တောရွာတွေမှာကျ နေဝင်ချိန်လောက်ဖြစ်လို့နေသည်။

နှစ်ယောက်သား အိမ်ပြန်ရောက်တာနဲ့ရေမိုးချိုးလိုက်ပြီးနောက် ထမင်းစတာရယ် စကားပြောတာရယ်နဲ့ ည၇ နာရီလောက်ရောက်သွားလေသည်။ လူကြီးတွေသီးသန့်စကားပြောကြတဲ့ဝိုင်းထဲ ဇင်ယော်တို့နှစ်ယောက်ဝင်မပါတော့ဘဲ ခြံနောက်ရှိ ကောက်ရိုးပုံလေးနောက်မှာ နှစ်ယောက်အတူထိုင်ကာ စကားပြောကြလေသည်။

စကားပြောတယ်သာပြောသာ အမှန်တော့ ဘာစကားမှမပြောဖြစ်ကြ..ချောင်းထဲက ကိစ္စကြောင့် မျက်နှာပူတာလည်း ပါသည်။
တောကပြန်လာတဲ့လမ်းတစ်လျှောက်မှာတောင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ခဲ့ကြတာမဟုတ်..အခုလည်း ချိန်းတွေ့ခြင်းမမည်သော ချိန်းတွေ့ခြင်းလေးဖြင့် စကားပြောမည်ဆိုသော်လည်း ဘာစကားမှထွက်မလာတာက ဆိုးသည်။

သူမကတော့ ကောင်းကင်ပေါ်ကသာနေတဲ့ လမင်းကိုသာ ငေးကြည့်နေခဲ့ပြီး ဇင်ယော်ကတော့ လက်ဖဝါစနှစ်ဖက်ကို ပွတ်လိုက် သူမကိုကြည့်လိုက်နဲ့ ဂနာမငြိမ်...ရည်းစားမထားဖူးတော့ ချိန်းတွေ့တယ်ဆိုနာဘာမှန်းမသိတဲ့ ဇင်ယော့်အဖို့ အခုအခြေအနေက တကယ်ရင်ဖိုစရာကောင်းလှသည်။

"မနက်ဖြန်ကြရင်ဘယ်သွားမှာလဲ "

သူမဘက်က ပထမဦးဆုံး ထွက်လာတဲ့စကား သံကြောင့် ဇင်ယော့်ရဲ့ လက်ဖဝါးပွတ်တိုက်နေတာတွေ ရပ်တန့်သွားသည်။

"ဟို မေမေက ပွဲကောက် အဲမဟုတ် ကန်တော်ကြီး အဲမဟုတ်ပါဘူး ပိတ်....ပိတ်ချင်းမြောင်လိုက်ပို့မယ်လို့ပြောတာပဲ "

သေလိုက်ပါတော့ ဇင်ယော်ရယ်..အမှားမှားအယွင်းယွင်းထွက်လာတဲ့စကားသံနဲ့ တုန်ရီနေတဲ့အသံ တွေကြောင့် သူမဘက်က ရယ်သံအချို့ထွက်ပေါ်လာသည်။ အဲ့မှာ ကိုယ့်အရှက်ကိုယ်ခွဲမိတာပဲ...

"မင်း ရည်းစားထားဖူးလား  "

သူမအမေးကိုခေါင်းခါပြတော့ သဘောကျစွာ ဖြင့် သူမရဲ့သွားတန်းလေးပေါ်အောင် ပြုံးတော့ ဇင်ယော့်ရဲ့ရင်ဘတ်ကြီး ဝုန်းဒိုင်းကြဲလေပြီ...

Start with Heart And End with Love Where stories live. Discover now