Extra 💖

5.4K 250 12
                                    

ဇင် (23) ပိုး (28)

ဇင်ယော်အသက် ၂၃ မ က ၂၈ အသက်ငါးနှစ်ကွာတဲ့ ဇင်ယောတို့နှစ် ယောက်ကြား က အိမ်ထောင်ရေး ဟာ သိပ်တေယ့မခက်ခဲတာအမှန်ပင်...လက်ထပ်ပြီးနောက်ပိုင်း ဇင်ယော်နဲ့မဟာ ဇင်ယော်တို့ခြံဘေးက အိမ်လေးအား ဝယ်ကာ အလယ်မှာရှိတဲ့အုတ်တံတိုင်းလေးကို ဖျက်ပြီး နှစ်ခြံတစ်ခြံအဖြစ်ပေါင်းစည်းကာ ဇင်ယော်တို့အိမ်လေးကိုတော့မဖြိုခဲ့...မေမေ့ရဲ့အမွေအနှစ်အိမ်လေးဖြစ်တာကြောင့်
မေမေကတော့ထိုအိမ်မှာပဲ အိပ်သည်။ ဇင်ယော်တို့ကတော့ မေမေ့အိမ်လေးနဲ့ ဆယ်ပေအကွာလောက်မှာပဲ အိမ်တစ်လုံးဆောက်ကာ နေကြသည်။ တစ်ခါတစ်လေ မ မိဘတွေလာလည်တဲ့အခါကြရင်လည်း ဇင်ယော်တို့အိမ်မှာပဲ အိပ်သွားတာမျိုးရှိသည်။

အိမ်ဆောက်ပြီးသိပ်မကြာ ဇင်ယော့်စိတ်ကူးလေးထဲကအတိုင်း
ခြံဝန်းအား စားပင်သီးပင်များကို ပုံဖော်စိုက်ပျိုးပြီး မ အကြိုက် ပနး်ပင်များကိုလည်း ထိုအပင်များကြားထဲတွင် ညှပ်ပြီးစိုက်လေသည်။

အလုပ်ကတော့ ဇင်ယော်အရင်လုပ်ခဲ့တဲ့ ဝင့်လွှာတိ့ဦးလေး ကုမ္မဏီကထွက်ကာ Jewelry Land ဆိုတဲ့ ကျောက်မျက်ရတာနာကုမ္မဏီကို တည်ထောင်ပြီး Ceo အဖြစ် လုပ်ရလေသည်။

ကုမ္မဏီစတည်ထောင်ခါစဆိုပေမယ့် မတို့လို စီးပွားရေး အသုိင်းအဝိုင်းကြီးက တည်ထောင်တာမို့ နာမည်ရဖို့သိပ်မကြာလိုက်ပေ..
ဇင်ယော့်ရဲ့ ဒီဇိုင်းတွေအပြင် အခြားတက်သစ်စ လူငယ်ဒီဇိုင်းနာတွေရဲ့ဒီဇိုင်းဆန်းဆန်းလေးတွေကြောင့် Jewelry Land ဆိုတဲ့ ကိုယ်ပိုင် brand တစ်ခုနဲ့ နိုင်ငံကျော်တံဆိပ်တစ်ခုဖြစ်လာခဲ့လေသည်။

ထိုနှစ်တွေအတွင်းက ကုမ္မဏီတည်ထောင်ရေးအတွက် လုံးပန်းနေရတာမို့ ဇင်ယော်တို့ နှစ်ယောက်မှာ  အိမ်ထောင်ကျခါစဆိုပေမယ့်
ချစ်ကြည်နူး တစ်တီတူးဖို့အချိန်မရှိ...အိပ်ချိန်လေးတစ်ခု၌သာ
နှစ်ယောက်သား ရဲ့ ကိုယ်ပိုင်အချိန်လေးတွေ ဖန်တီးရခြင်းဖြစ်သည်။

ဇင် (28 ) ပိုး (33)

အိမ်ထောင်သက်ငါးနှစ်အရောက်မှာတော့ ဇင်ယော်တို့ဘဝထဲကို သမီးလေး ဇင်ပိုးသဒ္ဒါ လေးဝင်ရောက်လာခဲ့လေသည်။
ဇင်ယော်တို့အိမ်ထောင်ရေးဟာ သာဘဝနဲ့ဆန့်ကျင်ဖက်ဆိုတော့ သမီးလေးကို ပတ်ဝန်းကျင်မှာမျက်နှာမငယ်ရေး အစွမ်းကုန်ကြိုးစားပေးရသည်။ နှစ်ဖက်မိဘတွေကတော့ မြေးဦးလေးဆိုတော့ သဲသဲလှုပ်..ဇက်ယော်ရော မရောက တစ်ဥ်းတည်းသော သမီးတွေဆိုလေတော့ နှစ်ဖက်မိဘလုံးအတွက်တော့ ဇင်ပိုးသဒ္ဒါ လေးဟာ
တစ်ဦးတည်းသောမြေးဆိုလည်း မမှားပေ...

Start with Heart And End with Love Onde histórias criam vida. Descubra agora