30 💞

3.2K 280 36
                                    

အပိုင်း ၃၀

နှစ်ဖက်မိဘတွေ့ဆုံပွဲလို့လည်း ပြောလို့ရသလို စေ့စပ်ပွဲဆိုလည်း ဟုတ်သည်။ ဘယ်သူတွေလဲဆိုတော့ ဇင်ယော်နဲ့ မတို့ပေါ့..
အမေရယ် မ မိဘတွေရယ်နဲ့ ဇင်ယော့်သူငယ်ချင်း နှစ်ယောက်နဲ့ သူဌေး ရယ်ဆိုတော့ စုစုပေါင်း
ရှစ် ယောက်လောက်ပဲ ရှိတဲ့ပွဲမှာ လူကြီးတွေက လည်း သူတို့စကားဝိုင်းနဲ့သူတို့ဆိုတော့ ဇင်ယော်တို့လည်း လူငယ်လေးယောက် စကားလက်ဆုံကြရတာပေါ့...မနဲ့ ရွှေဇင် ထက်ဝေယံတို့နှစ်ယောက်ကိို မိတ်ဆက်ပေးရင်း စကားကောင်းလိုက်ကြတာ စေ့စပ်ပွဲက ညနေ ၆ နာရီယောက်မှသာပြီးသည်။

အခုခေတ်မှာဒီလိုစုံတွဲမျိုးကို သိပ်လက်မခံချင်တဲ့ခေတ်မှာ မရဲ့ မေမေဟာ ဘာကြောင့် ဇွတ်သဘောတူခဲ့လည်း ဆိုတာကတော့
မရဲ့ အတိတ်မှာပဲ နစ်မွန်းနေတဲ့ဒဏ်ရာတွေဆီကနေ လွတ်မြောက်စေချင်တဲ့အတွက်ပဲဖြစ်ပါတယ်..
အပြုံးအရယ်မရှိတဲ့ သမီးရဲ့ဘဝကို ပြုံးပန်းဝေဆာလှပဖို့အတွက် ဘာပဲလုပ်ပေးရရဆိုပြီး တွေးတောခဲ့တဲ့မရဲ့မိဘနှစ်ပါးဟာ ဇင်ယော်နဲ့ ချစ်သူဖြစ်ခဲ့တာကိုလည်း မငြင်းဆန်မတားရက်ခဲ့ပါဘူး..

အစပိုင်း ကတောက်ကဆနဲ့ တစ်ဖက်သတ်ဆန်ခဲ့တဲ့ ဇင်ယော်တို့ ဆက်ဆံရေးကို သဘောမကျခဲ့ပေမယ့် လမ်းခွဲပြီးနောက်ပိုင်းမှ ချစ်တာကို သိလာခဲ့တဲ့ မကို ဇင်ယော်နဲ့ပြန်ပေါင်းထုပ်သွားတဲ့အတွက် ပိုလို့တောင်ဝမ်းသာကြောင်း ေစ့စပ်ပွဲမှာပြောပြတော့ ဇင်ယော့်မျက်နှာလေးမှာ ပူခနဲ....
ဘာပဲဖြစ်ဖြစ် ယောက္ခမတွေဆီကအရေးပေးတာခံရတာ နည်းတဲ့ကုသိုလ်ကံလားနော်....

"မောင် မနေ့ညက ကို့ ကို အိမ်မက်မက်ခဲ့တယ် "

မပြန်ချင်သေးတဲ့ဇင်ယော်နဲ့ ပြန်မလွှတ်ချင်တဲ့ ပိုးတို့ဟာ အိမ်ဘေးမှာရှိတဲ့ ခြံလေးထဲက ဒန်းပေါ်မှာ မောင်ရဲ့ရင်ခွင်ကိုမှီပြီး သိက်မကွာလှပေမယ့် ပိုးထက် ရှည်မျောပြီးသွယ်တဲ့မောင့်လက်ချောင်းတွေကိုဆုပ်ကိုင်ကာ မနေ့ညက အိမ်မက်အကြောင်းပြောမိသည်။
ကို လို့ကြားတော့ နဂိုကတည်းက အားငယ်ဝန်တိုတတ်တဲ့မောင်ဟာ
လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

Start with Heart And End with Love Tahanan ng mga kuwento. Tumuklas ngayon