18 💞

3.5K 302 38
                                    

အပိုင်း ၁၈

"ဇင်ယော် Ceo က ခဏ လာခဲ့အုန်းတဲ့ "

Ceo အတွင်းရေးမှူးလာခေါ်တာကြောင့် ဇင်ယော်လုပ်လက်စ အလုပ်ကို ဖြတ်ကာ Ceo ရုံးခန်းဆီလာခဲ့လေသည်။

"လာ ထိုင် ဇင်ယော်.... မင်းကို မနေ့က ပြောမလို့ပဲ ငါလည်း အလုပ်တွေရှုပ်နေတာနဲ့ မပြောဖြစ်တာ ဟိုလက ထုတ်ခဲ့တဲ့ ထုတ်ကုန်လည်း ဒီလ အကုန်အရောင်းသွက်တယ် ဇက်ယော်ရေ မင်းကတော့ ငါတို့ကုမ္မဏီရဲ့ တကယ့်အဖိုးတန်ရတနာလေးပဲ  "

"အာ...အဲ့လောက်လည်း မဟုတ်ပါဘူး သူဌေးရ ကျွန်တော်ကံဇာတာတက်နေလို့ပါ "

သူဌေးရဲ့ချီးကျူး စကားကြောင့် ဇင်ယော့်မှာ ဂုတ်လေးပွတ်ကာ ရှက်ပြုံးလေးနဲ့ မိမိကိုယ့်ကို ပြန်နှိမ့်ချရသည်။

"ကံဆိုတာ လူလုပ်မှ ရတာပါကွာ မင်းကအရည်အချင်းရှိလို့ကို
ဖြစ်တာပါကွ.... အခု မင်းကျေးဇူးနဲ့ ငါတို့ကုမ္မဏီရှယ်ယာတွေလည်း တော်တော်တက်နေပြီ... ရှယ်ယာတက်တော့ အရင်က ငါတို့တကူးတက ကမ်းလှမ်းခဲ့ရတဲ့ ကုမ္မဏီက အခုငါတို့နဲ့ လက်တွဲလုပ်ချင်လို့တဲ့ မင်းတော်တော် မခေတဲ့ကောင်နော် ဟိုဘက်က သူဌေးက မင်းနာမည်အတိအကျနဲ့ကို ပြောတာ  "

"ဘယ်ကုမ္မဏီလဲ သူဌေး "

"Mine ကုမ္မဏီလေ ကုမ္မဏီတွေထဲမှာ Top ပဲ မင်းသိတယ်မလား "

Mine ကုမ္မဏီဆိုတာ ဇင်ယော်အရင်လုပ်ခဲ့တဲ့ မရဲ့ ကုမ္မဏီ.. အရှေ့က သူဌေးကတော့ ဇင်ယော်အရင်လုပ်ခဲ့တဲ့ကုမ္မဏိမှန်းမသိတာကြောင့် ဝမ်းပန်းတသာနဲ့ကို ပြောနေလေသည်။ ဒါကြောင့် ဇင်ယော်လည်း အရင်ကလုပ်ခဲ့တဲ့အကြောင်းကို မဟတော့ပေ..

"သူတို့ဘက်ကတော့ သဘက်ခါ တွေ့မယ်လို့ပြောထားတယ် ငါကတော့ မင်းသဘောမေးပြီးမှပဲ confirm လုပ်လိုက်မယ် ဘယ်လိုလဲ မင်းဘက်က အဆင်ပြေရဲ့လား "

ထိုကုမ္မဏီနဲ့တွဲလုပ်ရင် သူ့အတွက်အကျိုးအမြတ်များစွာရမည်ဆိုတာကို သိသော်လည်း သူ့ရဲ့လက်အောက်ခံ ဝန်ထမ်းဖြစ်တဲ့ ဇင်ယော့်ရဲ့သဘောထားကို အရင်မေးပြီးမှ အတည်ပြုမယ်ဆိုတဲ့ သူဌေးရဲ့စိတ်ဓာတ်ဟာ တကယ်လေးစားစရာပင်...

Start with Heart And End with Love Where stories live. Discover now