23 💞

4.8K 353 73
                                    

အပိုင်း ၂၃

မနက်စောစောဖြစ်ပေမယ့်  ပင်းတယဘုရားတွင် လူအများစည်းကားနေသည်။ အထူးသဖြင့် ဇင်ယော်တို့ကုမ္မဏီနှစ်ခုပေါင်း လူအများနဲ့ထည့်တွက်လိုက်တော့ ဘုရားပေါ်လူစည်းသွားလေသည်။
ကုမ္မဏီ တစ်ခုကို ကားတစ်စီးမို့ မတို့ကုမ္မဏီဘက်က လူတွေကိုမတွေ့ရသေး..အဓိကကတော့ အဲ့လူတွေတွေ့ချင်တာမဟူတ်..
ကိုယ့်ချစ်ရသူလေးရဲ့ မြန်မာဆန်ဆန်ဝတ်ထားတာကို မြင်ချင်နေတာမှ ဖင်တကြွတကြွ...

ခဏနေတော့ ဘုရားထဲကို ကားတစ်စီးဝင်လာလေသည်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ မရဲ့ကားမဟုတ်ဘဲ သူ့ကုမ္မဏီက သူများသာ...
စိတ်ညစ်ညစ်နဲ့သက်ပြင်းလေးချတုန်း အနောက်မှ ထပ်ဝင်လာတဲ့
ကားအနက်ရောင်လေးကြောင့် ရင်ခုန်သံတွေ တဝုန်းဝုန်းဖြင့်..ထိုကားလေးဟာ မရဲ့ကားဖြစ်တယ်ဆိုတာ ကားနံပါတ်ကို အလွတ်ရသော ဇင်ယော့်အဖို့ လွယ်ကူစွာပင်သိလိုက်ရသည်။

"wow. ..."

ထိုအာမေဠိတ်သံမှဇင်ယော့်ဆီမှမဟုတ်....ဇင်ယော်ဘေးပတ်ချာလည်တွင်ရှိသော လူတစ်စုဆီမှသာ...ကားတံခါးပေါ်ကနေဆင်းလာတဲ့ အဖြူရောင် ကတ္တီပါလေးနဲ့လိုက်ဖက်စွာပင် အဖြူရောင်မြန်မာချိတ်ဝတ်စုံလေးကိုဝတ်ဆင်ကာ ဆံပင်ကို ဖြန့်ချထားသော မရဲ့ပုဲစံသည် ဇင်ယော်သာမက ဘေးပတ်ဝန်းကျင်နားက လူတွေပါ ပါးစပ်အောက်ကျသွားလောက်အောင် လှပလွန်းနေတာကတော့ တကယ်မတရား...

ဘုရားသွားတာ ဒီလောက်အလှပြင်ခဲ့စရာလိုလားဟု ခပ်ဆတ်ဆတ်လေး ရန်လုပ်လိုက်ချင်ပေမယ့် အခုချိန်မှာ ကိုယ်ဟာ သူ့ဘေးနားက သူတွေထက်ပင် ခေါ်ပြောရခက်နေသော အခြေအနေတစ်ခု..

"ပိုး.. လာလေ ကိုယ်တို့က ပိုးကိုစောင့်နေတာ "

မနဲ့ရင်းနှီးသည့် အနေအထား ကို  လူအလယ်မှာ ဂုဏ်ယူချင်စွာနဲ့ ပြသချင်သော ရာဇာထွန်းဆိုတဲ့ လူဟာ အသံခပ်ကျယ်ကျယ်ဖြင့် မရဲ့ဘေးနားကိုသွားကာ မျက်နှာလုပ်နေလေသည်။

"ဇင်ယော် ယူ့မက သိပ်လှတယ်နော် သတိလည်းထားအုန်း ဘေးနားက ရာဇာနေဝင်း ညီ ဆီပါသွားအုန်းမယ် "

ဘေးနားကနေ တိုးတိုးလေး သတိပေးစကားလာပြောတဲ့ မေနွဲ့စိုးကြောင့် သဝန်တိုကာ ထွက်နေရတဲ့ဒေါသတောင်နည်းနည်းပျောက်ချင်သွားသည်။ ဘာတဲ့...ရာဇာနေဝင်း ညီ...အင်း မေနွဲ့စိုးပြောမှပဲ စဥ်းသားမိသည်။ အဲ့လူသာ ရာဇာနေဝင်းလို ဝတ်မယ်ဆို တကယ်တူလောက်သည်။ မျက်နှာကခပ်ရှည်ရှည်နဲ့ တစ်ခါတစ်လေ ရာဇာနေဝင်းလို လက်က တကားကားဖြင့်...

Start with Heart And End with Love Where stories live. Discover now