11 ❤

3.2K 274 50
                                    

အပိုင်း ၁၁

ဒီဇိုင်း ခိုးပြီး ဆွဲတယ်ဆိုတဲ့ ဂယက်ဟာ ကုမ္မဏီအတွင်းမှာ တော်တော်လေးကို လူပြောများပြီး လူတွေအကုန်လုံးက ဒီကိစ္စကိုပဲ ပြောနေကြလေသည်။ ကံယာကံရှင်နှစ်ယောက်ဖြစ်တဲ့ ဇင်ယော်နဲ့
supervisor မနီလာတို့နှစ်ယောက်မှာတော့ ဇင်ယော့်ကိုသာ
ဒီဇိုင်းခိုးကြသည်ဟု တော်တော်လေး ပြောကြသည်။

တစ်ပတ်အတွင်း ကုမ္မဏီက စစ်ဆေး မည်ဟု ကြေငြာထားသဖြင့်
တစ်ပတ်အပြီးမှာ ဘယ်လိုအဖြေထွက်လာမလဲဆိုတာ အားလုံးက စိတ်ဝင်စားကြသည်။ မနေ့ညက အမေ့ရင်ခွင်ထဲမှာ ကလေးတစ်ယောက်လို ငိုပြီး နောက် မနက်ရောက်တော့ အမေက ကုမ္မဏီကို မသွားနှင့်ဟု ပြောလာခဲ့သည်။ သူလည်း ဆေးရုံကို မသွား..

တစ်နေ့လုံး ဇင်ယော်ကြိုက်တဲ့အစားအစာလေးတွေသာ ချက်ပြုတ်ပေးနေပြီး ဇင်ယော့်မျက်နှာကို အရိပ်အကဲခတ်နေခဲ့သည်။ ဇင်ယော်ရုံးမသွားသလို ခွင့်လည်းမတိုင်ခဲ့ပေ..သူတို့ထင်ချက်သလို ထင်ပြီး အလုပ်ဖြုတ်လည်း ခံလိုက်တော့မည်။ စဝင်ကတည်းက ကောင်းကျိုးမပေးတဲ့ ထိုကုမ္မဏီဆီကနေ ထွက်ချင်နေတာလည်း ကြာပြီ..တကယ်လို့ ဒီကိစ္စမှာ အမှန်တရားပေါ်ခဲ့လို့ ဇင်ယော်မလုပ်မှန်းသိခဲ့တယ်ဆိုရင်တောင် ဇင်ယော်ထွက်တော့မည်။

သူငယ်ချင်းတွေကလည်း အားလုံးအလုပ်နားပြီး ဇင်ယော့်ဆီလာကာ နှစ်သိမ့်ပေးကြသည်။ အမေက အခုကိစ္စကိုပဲ သိထားတော့
လူ့ဘဝမှာ ဒီလိုပဲ အခက်အခဲနဲ့ကြုံတတ်တယ်ဆိုပြီးနှစ်သိမ့်ပေးပေမယ့်  အရင်က ကိစ္စတွေကိုပါ သိကြတဲ့သူငယ်ချင်းတွေကတော့ အလုပ်ဆက်မလုပ်ဖို့ ပြောကြလေသည်။

ဝင့်လွှာက ဒီအလုပ်ကထွက်ရင် သူ့ဥိးလေးကုမ္မဏီမှာပဲ အလုပ်ဝင်တော့ဟုပြောသလို ဝင့်လွှာဦးလေးကလည်း ဇင်ယော့်ဆီဖုန်းဆက်ပြီး သူတို့ကုမ္မဏီမှာ အလုပ်လာလုပ်ဖို့ပြောသဖြင့် ဇင်ယော်လည်း
အလုပ်ပြောငးတော့မည်ဟု စိတ်ဆုံးဖြတ်လိုက်တော့သည်။

....

"မမ ဇင်ယော် ဒီနေ့ အလုပ်မလာဘူးတဲ့ "

စာရင်းစစ်နေရာကနေ သီတာပြောတဲ့ စကားကို ကြားတော့
ပိုး တစ် ယောက်လုပ်လက်စ အလုပ်ကို ရပ်လိုက်သည်။

Start with Heart And End with Love Where stories live. Discover now