10💞

2.8K 122 25
                                    

အပိုင်း ၁၀

ဇင်ယော်အံ့သြောသွားရခြင်း အကြောင်းကတော့ တစ်ခြားမဟုတ်ပေ..ဇင်ယော်တို့ ကုမ္မဏီဥက္ကဠ ဖြစ်တဲ့ မပိုးသဒ္ဒါမင်းကို တွေ့လိုက်ရခြင်းကြောင့်ပင်..သူက ဇင်ယော့်ထက် ဒီကို ကြိုရောက်ခြင်းဖြစ်လောက်မည်။ အခုလည်း ဇင်ယော့်ကို ကြည့်ကာ ဘေးနားက သူ့ရဲ့ အတွင်းရေးမှူးဖြစ်တဲ့မသီတာနဲ့ ဘာတွေ ပြောနေကြသည်မသိ..

သူတို့ဘာပြောပြော ဂရုမစိုင်ချင်ပေမဲ့လည်း အစကတည်းက ceo က အထင်လွှဲနေတာဆိုတော့ အခု လည်း သူ့နောက်ကို လိုက်နေတယ်လို့များထင်သွားမလား... နောက်တော့ သူတို့ဟာ သူတို့ တစ်နေရာကိုလှည့်ထွက်သွားကြသည်။ နောက်တစ်ခါတွေ့ရင်တော့ ပြုံးပြနှုတ်ဆက်အုန်းမှပါ..ေတာ်ကြာ ကိုယ်က သူ့ဝန်ထမ်းဖြစ်ပြီး
ကုမ္မဏီပိုင်ရှင် တစ်ယောက်လုံးတွေ့တာတောင် မရယ်ပြမနှုတ်ဆက်ရင် မကောင်းဘူးလေ..

"ဌက်ကြီး ဟိုမှာ မင်းတို့ Ceo မလား မင်းလက်ဆွဲတဲ့ လေဒီလေ "

အခုမှ မြင်သွားပုံရတဲ့ ဝေယံက ဇင်ယော်မတွေ့သေးဘူးအမှတ်ဖြင့်
ဇင်ယော့်ကို Ceo ဘက် လက်ညိုးထိုးကာ ပြလေသည်။

"အေး...ခုနကတည်းက တွေ့တယ် "

"တွေ့တယ်ဆ်ို သွားနှုတ်ဆက်လိုက်လေ နောက်ပြီးငါ့ကိုလည်း မိတ်တက်ပေးအုန်း 😁😁"

"ဒိုးပါ ငါတောင် ကုမ္မဏီရောက်ရင် ကောင်းကောင်းမျက်နှာချင်းဆိုင်ရဲတာ မဟုတ်ဘူး တော်ကြာသွားနှုတ်ဆက်လိုက်လို့
လူကြားထဲ အပြောခံလိုက်ရမှ ဟုတ်ပေ့ဖြစ်နေမယ် "

"ငကြောက် "

"ဟုတ်တယ် ကြောက်တယ် ဘာဖြစ်လဲ "

ဝေယံနဲ့ စကားငြင်းနေကြတုန်း ဂေဟာမှူးအခန်းထဲက ထွက်လာတဲ့
ဝင့်လွှာနဲ့ ရွှေဇင်တို့က ကလေးတွေကို မုန့်ဝေပေးရတော့မည်ဟု ပြောတာကြောင့် နှစ်ယောက်သား စကားစပြတ်ကာ မုန့်ဝေမယ့်ဘက် လာခဲ့ကြလေသည်။

ဂေဟာသို့ အလှူရှင် သုံးယောက်တောင်လာကြတာမို့ ဝေမယ့်အလှူဂှင်အားလုံး ကိုယ်ဝေမယ့်ပစ္စည်းလေးတွေကို ဂေဟာကလေးတွေဆီ ကိုယ်တိုင် ဝေပေးကြလေသည်။ Ceo တို့ကလည်း လာဝေတဲ့အလှူရှင်တွေဖြစ်တာကြောင့် ဘေးစွန်းဘက်မှာ ceo ရယ် ceo အတွင်းရေးမှူး နှင့်က ဝေပေးကြသည်။ အလယ်တွင်အခြားအလှူရှင် တွေဖြစ်ပြီး ဒိဘက်စွန်းမှာတော့ ဇင်ယော်တို့သူငယ်ချင်းတစ်သိုက် ဖြစ်လေသည်။
ကလေးအားလုံးက အိတ်တစ်လုံးစီဖြင့် တန်းစီကာ ဝေပေးသည့် ပစ္စည်းတွေကို အိတ်ထဲထည့်ကြသည်။

Start with Heart And End with Love Where stories live. Discover now