" တမ်း...တ မိသော"
အပိုင်း (၂)"ဟင်..."
ထိုသူ~~~
သူမ ကို နှုတ်ခမ်းတစ်ချက် ကွေးရုံမျှ ပြုံး၍
အေးတိအေးစက် ကြည့်နေသော ထိုသူ ။"ရှင် ဘယ်ကနေ ဘယ်လို..."
"မင်း အခုမှပဲ ရောက်တော့တယ်။
ငါတောင် dancing floor က တက်လာပြီ"သီရိ စကား မဆုံးခင်မှာပင် ခန့်လွင်ဟိန်း စကားသံထွက်ပေါ်လာပြီး ခန့်လွင်ဟိန်း ရောက်လာသည်။
"ညီမ သူငယ်ချင်းတွေရော ?"
သီရိ မေးလိုက်တော့"သူတို့ dancing floor မှာပဲ ညီမရဲ့"
ခန့်လွင်ဟိန်းက ဖြေလိုက်သည်။သူမ အနေရကျပ်သွားသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် bar တွင် တွေ့ခဲ့သော
လူမှုရေး နားမလည်ဟု သူတို့ ထင်မှတ်ထားသည့်
ခန့်လွင်ဟိန်း၏ သူငယ်ချင်းက ထိုသူ
ဖြစ်နေသည်။"ညီမ သူငယ်ချင်းတွေနဲ့ သွား join လိုက်ဦးမယ်"
ယမင်းသီရိအောင် ထိုသူ့အနား မနေတတ်သဖြင့် dancing floor သို့ ထ ထွက်လာသည်။" မင်းဘေးနားမှာ ဘယ်ကောင်မှ မမြင်ချင်ဘူးနော်"
သူမ၏ လက်ကို ဖမ်းဆွဲ၍ ပိုင်ဆိုး ပိုင်နင်း ပြောလာသော ထိုသူကြောင့် သူမ ရင်ခုန်နှုန်းများ မြန်လာပြီး အပြေးတပိုင်းထွက်လာသည်။
"အဲ့တယောက်က မင်း အခု target လား"
ခန့်လွင်ဟိန်းက မျက်မှောင်ကြုတ်၍ မေးလာတော့"ဆိုပါတော့...."
ယမင်းသီရိအောင် သောက်လက်စ ခွက်ကို
မော့ချလိုက်ရင်း ထိုသူက ပြန်ဖြေလိုက်သည်။"ဟား ဟား, ဖြစ်နိုင်မှ ပြောပါကွာ,
မင်းဒီလို ပမွှားစော်လေးတွေကို ဘယ်တုန်းက
သဘောကျဖူးလို့လဲ"
ခန့်လွင်ဟိန်းက ရယ်ရင်း ပြောလိုက်တော့"ဒါကတော့ ဒီလိုပဲပေါ့ကွာ"
ထိုသူက ခပ်ပြုံးပြုံး ပြန်ဖြေလိုက်သည်။ခဏကြာတော့ သူမတို့လည်း ဝိုင်းကို
ပြန်ရောက်ရှိလာသည်။ထို့နောက် club ပိတ်ချိန်ရောက်နေပြီ ဖြစ်၍
သူတို့တွေ ***** Hotel တွင် အနားယူကြရန် တိုင်ပင်ပြီး club မှ
ထွက်လာလိုက်သည်။ထုံးစံအတိုင်း ယောက်ျားလေး ၂ ယောက်က
toilet ဝင်နေ၍ သူမတို့၄ ယောက်က
ကားပါကင်သို့ ထွက်လာလိုက်သည်။