" တမ်း .. တ မိသော "
အပိုင်း (၅)"တမ်း' မင်းတကယ် အဲ့စော်ကို ကြွေနေတာလား"
ခန့်လွင်ဟိန်း၏ အမေးကို သူမဖြေပဲ
အဝေးတစ်နေရာသို့ စိုက်ကြည့်နေသည်။"ငါ့ကောင်, မင်းဘေးနားမှာ
သော်တာ ရော နွေးရော ရှိသေးတယ်နော်။
မင်း သူတို့ကို ဘယ်လိုလုပ်မှာလဲ""ဟူး..."
တမ်း' လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။"ငါပွင့်ပွင့်လင်းလင်းပဲ ပြောမှာပါ"
"မင်း သေချာရင်ပြီးရော။
ငါက မင်းအတွက် ပြောတာ"
ခန့်လွင်ဟိန်းက ပြောလာတော့"မင်းရော ဘယ်သူနဲ့ ငြိနေလဲ"
တမ်း' မေးလိုက်သည်။"ငါ့အကြောင်း မင်းမသိလို့လား,
ငါက ငြိစရာလားဟ"
ဟုတ်လည်း ဟုတ်ပါသည်။
တမ်း နှင့် ခန့်လွင်ဟိန်းသည်
စိတ်တူကိုယ်တူ သူငယ်ချင်းများသာ။*****************************************
"အဲ့တာဆို နင်သူနဲ့ လုပ်ဖြစ်သွားတယ်ပေါ့"
စန္ဒီ့အမေးကို အမိုးရော အဖူးရော
စိတ်ဝင်တစား စောင့်နေကြသည်။ယမင်းသီရိအောင် ရှက်သွားပြီး
"အာ နင်တို့ကလည်း ဘာတွေမေးနေတာလဲ"
မျက်နာလေး ရဲသွားသည်။"အော် မသာမရယ်, ထန်တုန်းခံတုန်းကကျ
မရှက်ဘူး။ ငါတို့နဲ့ကျမှ လာရှက်နေတယ်"
အမိုးက ဒဲ့တိုးကြီး ပြောလိုက်တော့
ယမင်းသီရိအောင် မျက်စောင်းထိုးလိုက်သည်။"နေကြပါဦး, အဲ့တစ်ရက်အတူနေတာနဲ့
နင်က ၂ ရက်လောက် ဖျားတယ် ဆိုတော့
ဟိုက ဘယ်လိုတွေတောင် စွမ်းနေလို့လဲ"
အဖူးမက သိချင်ဇောနှင့် မေးလာသည်။"ဟုတ်တယ် ငါတို့သိချင်တယ်"
အမိုးနှင့် စန္ဒီကပါ ထောက်ခံလိုက်၍
ယမင်းသီရိအောင်လည်း ထိုနေ့က အဖြစ်အပျက်များကို ပြန်တွေးမိပြီး အရည်များ စိုစိစိုစိ
ဖြစ်လာသည်။ < မျက်ဝန်းက မျက်ရည်စိုလာတာကို ပြောတာ, နှာဘူးကျမနေကြနဲ့ >"ငါတို့အကုန် အတူနေဖူးကြတာပဲ။
အဲ့ အရသာကို သိကြတာပဲလေဟာ။
ဒါပေမယ့်..."
ယမင်းသီရိအောင် စကားစ,ဖြတ်ပြီး
ရှေ့မှ အအေးလေး လှမ်းသောက်လိုက်သည်။