"တမ်း .. တ မိသော "
အပိုင်း (၇) + အပိုင်း (၈)
< ဇာတ်လမ်း တစ်ဆစ်ချိုးမို့လို့
အပိုင်း ၇ နှင့် ၈ကို
တစ်ခါတည်း တင်လိုက်တာပါ>"ဒါဆို ကိုကို့မိဘတွေက ကလေးတို့ကို
သဘောတူတာပေါ့နော်"
ဇေးက ခေတ် ရင်ခွင်ထဲ ဝင်ကာ အပျော်တပိုင်းနှင့် မေးလိုက်သည်။"ဒါပေါ့, ပါပါးနဲ့ မေမေ က ကလေးမေမေသဘောတူရင် မင်္ဂလာပွဲ ကျင်းပပေးဖို့
စီစဉ်တော့မှာ""ကလေးမေမေက သဘောတူမှာပါ ကိုကိုရဲ့"
ဇေးက ခေတ်ရင်ငွေ့ကို ခိုလှုံရင်း ပြောလိုက်တော့"ဟား ... ကိုကိုတို့ လက်ထပ်ရတော့မှာပေါ့။
ကိုကို့ကလေးလေးကို သနားမိတယ်ကွာ""ဟင် ဘာလို့လဲ ကိုကိုရဲ့"
ဇေးက ခေတ်ကို မော့ကြည့်ရင်း ပြောလာတော့"အော်... လက်ထပ်ပီးရင် ကလေးလေးရဲ့
ရေတွင်းလေး အချဲ့ခံရတော့မှာ မလို့လေ"
ခေတ်က ဇေး၏ တင်ပါးလေးကို ဆုပ်ကိုင်ရင်း
ပြောလိုက်တော့"ကိုကိုနော် , ဒါပဲ မျက်စောင်းထိုးနေတယ်။
လူကို ချစ်တာလား အဲ့ဒါကို ချစ်တာလား ပြော"
ဇေးက နှုတ်ခမ်းလေး ဆူပြီး ခပ်ချွဲချွဲ ပြောလိုက်သည်။"ဟား... ကွာ, ချွဲတတ်လိုက်တဲ့ ကလေးလေး။
ဟောဒီက ကိုကိုက ကလေးလေးကို ရော
အဲ့ဒါလေးကိုရော ချစ်တာဗျာ"
ခေတ်က ပြောပြီးနောက် ဇေးနှုတ်ခမ်းလေးကို နမ်းရှိုက်လိုက်သည်။သူတို့၏ အချစ်များက ခိုင်မာမှု တစ်ခုဆီသို့..
~~~~~~~~~~~~~~~~~~~~~~~~~~~~~
" တစ်ခါက ကောင်လေးသေးသေးလေး
တစ်ယောက်က သူ့မွေးနေ့မှာ မိန်းကလေးငယ်ငယ်လေးကို ပြောတယ်။ ' ငါ
လွှမ်းမိုးရတာ သဘောကျသွားပြီ' တဲ့။ကောင်မလေးက ပြန်မေးတယ်။
' ငါ့ကိုရောလား...? 'အဲ့အမေးကို ကောင်လေးက
' ငါက လွှမ်းမိုးရင် နင် နာခံမှာလား ' တဲ့။မိန်းကလေးငယ်ငယ်လေးက ပြန်ဖြေတယ်။ 'ငါက နင်လွှမ်းမိုးရင် အဆုံးထိ နာခံမယ့်သူ' တဲ့။
ကောင်လေးက မိန်းကလေးရဲ့ ခေါင်းလေးကို ပွတ်ပြီး ပြန်ပြောတယ်။
'လိမ္မာတယ်။ တသက်လုံး ငါ့အမိန့်ကို နင် နာခံရမယ် ' တဲ့။