" တမ်း .. တ မိသော "
အပိုင်း (၁၀)"ဘယ်လို, သစ်ပင်ကြီးနားမှာ
ကောင်မလေးကို သွားတွေ့ဖို့ ဟုတ်လား
နှင်းသဒ္ဒါ.."
အိန္ဒြေထား မျက်လုံးလေးများ ဝိုင်းသွားသည်။
ထို့နောက် မျက်ရည်လေးများ ရစ်ဝဲလာသည်။"အေး ငါ အခုလာမယ်"
အိန္ဒြေထား ဖုန်းချလိုက်ပြီး
တမ်း' ရှိရာ ဆေးရုံဆီသို့ ကားမောင်း၍
သွားလိုက်သည်။မီးပွိုင့်များကို အနီအစိမ်း မကြည့်မိ။
မော်တော်ပီကယ်များ၏ ဝီစီသံများကို
မသိလိုက်မိ။
သူမ မျက်ဝန်းထဲတွင် တစ်ခုသာ မြင်သည်။
တမ်း' .... သူမနှင့် စတွေ့ခဲ့တုန်းက
စိတ်အားငယ်တတ်သော တမ်း' ....။ဆေးရုံရောက်တော့ အိန္ဒြေထား တမ်း' ရှိရာသို့
အပြေးအလွှား သွားလိုက်သည်။
တမ်း' က ဆေးရုံမြက်ခင်းပြင် တစ်နေရာတွင်
အစောင့်အကြပ်များနှင့် ထိုင်နေရသည်။လူနာဝတ်စုံ အဖြူလေးနှင့် တမ်း' ဟာ
ဖျော့တော့ အားနည်းနေသယောင်ယောင်။"တမ်း'..."
သူမ ခေါ်သံကြောင့် တမ်း' လှည့်ကြည့်လာသည်။ မျက်နာလေး ညိုးငယ်ကာ သိမ်ငယ်နေသော အကြည့်များကြောင့် အိန္ဒြေထား
ရင်အုံထဲ, နှလုံးသားထဲမှ စူးနင့်သွားသည်။"ငါလေ, နင်စောင့်နေတဲ့ ကောင်မလေးလေ"
အိန္ဒြေထားက မျက်နာကို အားတင်းပြုံးကာ
တမ်း' ကို ပြောလိုက်သည်။ သို့သော် တမ်း'က
သူမ ကိုမှတ်မိပုံမပေါ် ။သူမ တမ်း' အနားကို တိုးကပ်၍ တမ်း' ပခုံးကို
ကိုင်ပြီး" တမ်း' ငါလေဟာ, နင့်ကောင်မလေးလေ"
အိန္ဒြေထား၏ အသံက တုန်ရီလှိုက်မောနေသည်။ တမ်းက သူ့ပခုံးပေါ် တင်ထားသော
အိန္ဒြေထား ၏ လက်ကို ရုတ်တရက် ပုတ်ချလိုက်ပြီး"ငါ တောင်းပန်ပါတယ်။ ငါ့ကို
နာကျင်အောင် မလုပ်ပါနဲ့။
ငါ ငါ ..."
တမ်း' ကကလေးတစ်ယောက်လို
ခေါင်းကို ကုတ်ကာ ငိုယိုရင်း ဆက်ပြောသည်။"ငါ ကောင်မလေးကို စောင့်နေတာပါ။
ငါ့ကို မထားခဲ့ကြပါနဲ့"
မျက်နာကို လက်နှင့်အုပ်၍ ကြောက်လန့်တကြား
ငိုယိုနေသော တမ်း' ကြောင့်
အိန္ဒြေထား မျက်ရည်များ စီးပြိုလာသည်။
သူမ တစ်သက်လုံး မြတ်နိုးခဲ့ရသော
တမ်း' ကို ဤကဲ့သို့ မြင်ရသည်မှာ
သူမ အသည်းကို ဆုတ်ဖြဲနေသကဲ့သိုပင်။