" တမ်း .. တ မိသော "
အပိုင်း (၁၁)"စားလို့ကောင်းလား..."
ခေါင်းလေးကို ယုယုယယ ပွတ်၍ မေးလာတော့
အိန္ဒြေထား ကို တမ်း' က ချောကလက်စား
နေရာမှ လှည့်ကြည့်ပြီး"အင်း ကောင်းတယ် ကောင်မလေး ဟီး.."
သွားများပေါ်တွင်သာမက နှုတ်ခမ်းထောင့်စွန်းများတွင်ပါ ချောကလက်များ ပေကျံနေသော
တမ်း' ကို အိန္ဒြေထားက မြတ်မြတ်နိုးနိုးလေး
ကြည့်နေသည်။' တမ်း' ရယ် ...
နင် ဘယ်လို ပုံစံပဲ ဖြစ်ဖြစ်
ချစ်မဝ ဘူးလေဟာ....'
စိတ်ထဲမှ တီးတိုးရေရွတ်လိုက်ပြီး"ကဲ ဒီဘက်တိုးပါဦး,
နှုတ်ခမ်းတွေလည်း ပေကျံနေတာပဲ..."
အိန္ဒြေထားက တမ်း' ၏ မေးစေ့လေးကို
ကိုင်ကာ နှုတ်ခမ်းတွင် ပေနေသော
ချောကလက်များကို သူမ လက်ဖနောင့်လေးနှင့်
ညှင်ညှင်သာသာလေး သုတ်လိုက်သည်။"မွ.."
" အို..."
ဆေးရုံထဲတွင် သူမ ပါးလေးကို ရုတ်တရက် နမ်းလာတဲ့
တမ်း' ကြောင့် သူမ ရှက်သွေးဖြာသွားသည်။
ပါးမို့မို့လေးထက်တွင် ဆေးနီဆိုးထားသကဲ့သို့
နီရဲလာတော့ သူမ နှုတ်ခမ်းကို ကိုက်ကာ
ခေါင်းငုံ့မိသည်။သူမ ဘဝတွင် ငယ်ငယ်တည်းက
ဖခင်ဖြစ်သူ၏ လေ့ကျင့်သင်ကြားပေးမှုတို့ကြောင့် ရည်းစားသနှာများ မထားခဲ့ရ။
party တွင် တမ်း' မူးရူးပြီး သူမနှုတ်ခမ်းကို
နမ်းလိုက်စဉ်ကလည်း သူမရဲ့ ပထမဆုံး
အနမ်းလေးဖြစ်၍ ရင်ခုန်ရသကဲ့သို
ယခုတွင်လည်း သူမပါးလေးထက်သို့
ပထမဆုံးအနမ်းလေး ကျရောက်လာတော့
သူမ ရှက်သွေးဖြာခဲ့ရသည်။"ကောင်မလေးက အရမ်းချစ်ဖို့ကောင်းလို့ ဟီး"
ကလေးတစ်ယောက်ကဲ့သို့ ခေါင်းကို ကုတ်ကာ ရယ်ကြဲကြဲပြောနေသော တမ်း' ကြောင့်
သူမ မျက်နာထက်၌ ကြည်နူးသော
အပြုံးလေးတစ်ပွင့် ပွင့်လန်းလာသည်။"ကဲ ချောကလက်စားပြီးရင်
ထမင်းစားရမယ်နော်"
သူမ တမ်း' ကိုပြောတော့"ဟင့်အင်း စားချင်ဘူး"
တမ်း' က ခန္ဒာကိုပါ လှုပ်ခါပြီး နှုတ်ခမ်းစူကာ
ပြောလာတော့ သူမ ရယ်လိုက်မိသည်။' တမ်း... နင်ဟာလေ
ဘယ်လိုနေနေ ငါ့နှလုံးသားကို
သိမ်းပိုက်နိုင်နေပါလား......'
သူမ ပြုံးလိုက်ပြီး