" တမ်း .. တ မိသော "
မနက်စာ စားနေရင်း သူမ တမ်း' ကို
ငေးမော ကြည့်နေမိသည်။ တမ်း' ကမူ
နန်းကြီးသုပ်အား အာရုံစိုက်နေသဖြင့်
သူမ ငေးနေသည်ကို သတိမထားမိ။"မစားပဲ ဘာတွေ ကြည့်နေတာလဲ"
တမ်း' က သူမအား မကြည့်ပဲ ပြောလိုက်သဖြင့်
သူမ အံ့ဩသင့်သွားသည်။ သူသတိထားမိမည်ဟု သူမ မထင်ထား။ ထို့နောက် သူမတို့
မနက်စာ စားပြီး တမ်း' က သူမကို အိမ်လိုက်ပို့ပေးသည်။"ကျေးဇူးပါ အစ်ကို"
သူမ တမ်း' ကို ကျေးဇူးတင်လိုက်တော့"မင်းကိုယ်မင်း ကျေးဇူးတင်ပါ"
တမ်း' က အေးတိအေးစက် ပြန်ပြောလာသည်။
" ရှင် ဘာလို့လဲ"
သူမ နားမလည်စွာမေးတော့"ကိုယ် လုပ်ပေးသမျှက မင်းဖြစ်နေလို့လေ,
တခြားသူဆို လုပ်ပေးစရာ အကြောင်း
မရှိဘူး"
တမ်း' သူမ ဘက်လှည့်၍ သူမ မျက်လုံးကို
စိုက်ကြည့်ပြီး ပြောလိုက်တော့ သူမ
နွေးထွေးမှု လုံခြုံမှု ကို ခံစားလိုက်ရသည်။တမ်း' ကားမောင်းထွက်သွားတော့
သူမ ကားကို မမှိတ်မသုန် ဆက်ကြည့်နေမိသည်။"ကျွန်မတော့ ရှင့်ကြောင့် ရူးနေမိပြီ ရှင်ရယ်"
ယမင်းသီရိအောင် အိမ်ထဲဝင်လာတော့ အမေဖြစ်သူက ဘုရားရှိခိုးနေ၍ အခန်းထဲသို့သာ
ဆက်ဝင်သွားလိုက်သည်။ ထို့နောက်
အိပ်ယာပေါ်တွင် လှဲချလိုက်ပြီး.."ကျွန်မဟာ ရှင့်အပိုင် ဖြစ်နေပြီလား တမ်း' ရယ်"
တီးတိုးလေး ရေရွတ်လိုက်သည်။****************************************
"သား အဲ့ကိစ္စ မေမေ တို့ကို ရှင်းပါဦး"
ဒေါ်မာန်ဝင့်သူ၏ စကားကြောင့်
မိသားစု ထမင်းဝိုင်းက ရုတ်ချည်းဆိုသလို
တိတ်ဆိတ် သွားသည်။"သားဘယ်တုန်းက public မှာ ဒီလိုဖြစ်ခဲ့ဖူးလို့လဲ"
ဒေါ်မာန်ဝင့်သူက ဆက်ပြောလာသည်။"မေမေတို့က သားရည်ရွယ်ချက်အတိုင်း
လွှတ်ပေးထားတယ် ဆိုပေမယ့် သားဘက်က
ဒါမျိုးတွေ ရှောင်ပေးရမယ်ဆိုတာ
သားနားလည်မှာပါ"club မှာ ဖြစ်ခဲ့တဲ့ ကိစ္စကို ရည်ညွှန်းပြောနေမှန်း
တမ်း' သိသည်။ သူ ခါးပတ်အစွမ်းပြလိုက်သဖြင့် media ထက်သို့ ပုံနှင့် တကွ တတ်လာခြင်းပင်။