အပိုင်း (၄)

14K 221 7
                                    



" တမ်း .. တ မိသော "
        အပိုင်း (၄)

"မျိုးမစစ်လေးက ငါ့ကို
ပြန်အော်နေပါလား"

"ဘာ ရှင် "
ယမင်းသီရိအောင် အနာထိသွားသဖြင့်
ဒေါသ အတောင့်လိုက် ထွက်ခါ
​ထိုအဒေါ်ကြီးကို ဝိုင်လုံးလိုက်သည်။

"သမီး သမီးရယ် တော်ပါတော့"
မိခင်ဒေါ်မြတ်မြတ်ဇံက ဝင်ဆွဲရသည်။
ပတ်ဝန်းကျင်ကလည်း သို့လောသို့လော
အကြည့်များနှင့်။

ဒေါ်မြတ်မြတ်ဇံက သမီးဖြစ်သူကို
အိမ်ထဲသို့ ဆွဲခေါ်လာပြီးသည့်နောက်
ယမင်းသီရိအောင်၏ ဒေါသများက
ဒေါ်မြတ်မြတ်ဇံအပေါ် ကျရောက်လာသည်။

"ဖေဖေက ဘယ်သူလဲ။
ဘာကြောင့် သမီး ဒီအရွယ်ထိ အဖေ့ကို
မမြင်ဖူးရတာလဲ။
ဘာလို့ တချို့အတွင်းသိတွေက
သမီးကို မျိုးမစစ်လို့ ပြောကြတာလဲ မေမေ"
ဒေါ်မြတ်မြတ်ဇံ ယမင်းသီရိအောင်၏
အကြည့်စိမ်းများကို ရှောင်လွဲပြီး
ခေါင်းငုံ့ထားလိုက်သည်။

ဦးထွန်းခ ရေ...
ရှင်ဒီအချိန်မှာ ရှိနေရင်ရော
ဘယ်လို ဖြေရှင်းမှာလဲ...

**************************************
လွန်ခဲ့သည့်  ၂၃ နှစ်ခန့်က...

အပျိုဖားဖားလေး မြတ်မြတ်ဇံသည်
တက္ကသိုလ် မယ် အဖြစ် ကျော်ကြားသည်။
နန်းဆန်သော နာမည်နှင့်တကွ ညိုဆင်းဝင်းဝါသော အသားအရည်က လူပျိုများ၏
အသည်းကို လှုပ်ခါယမ်းနေသယောင်။

"ညီမ.."
ခေါ်သံကြောင့် မြတ်မြတ်ဇံ စာဖတ်နေရာမှ
မော့ကြည့်တော့

"အို..."
ရှမ်းဗမာ ကပြား အမျိုးသား တစ်ဦး
အသက် ၃၀ကျော်ခန့်။
ခန့်ညားချောမောသော အသွင်ကြောင့်
မြတ်မြတ်ဇံ ရင်ခုန်သွားသည်။

"ကျောင်းသားရေးရာ က ဘယ်နားမှာများ
ရှိသလဲဗျာ"
ထိုသူက ယဉ်ယဉ်ကျေးကျေးမေးလာ၍

"ဟိုကော်ရစ်တာ ထောင့်ချိုးလေးအတိုင်း
ညာဘက်ကွေ့သွားရင် ကျောင်းသားရေးရာ
ရှိပါတယ် ဦး"

"ကျေးဇူးပါ ညီမ"
ထိုသူက ပြောပြောဆိုဆိုနှင့် ထွက်သွားတော့
မြတ်မြတ်ဇံ ထိုသူ့ဆီ ငေးကြည့်နေမိသည်။

"ဟေး နှမတော်လေး, တစ်ပါးတည်းလားကွယ်"
ကျောင်းမှ လူရမ်းကားတစ်သိုက်ကြောင့်
မြတ်မြတ်ဇံ စိတ်အိုက်သွားသည်။
ထိုသူများက မြတ်မြတ်ဇံဘေးနား
ဝင်ထိုင်လိုက်ရင်း

" တမ်း .. တ မိသော "Where stories live. Discover now