" တမ်း .. တ မိသော "
ဇာတ်သိမ်းပိုင်း"အား...."
"တမ်း' တမ်း' ဘာဖြစ်တာလဲ"
အိန္ဒြေထား မှေးခနဲ အိပ်ပျော်သွားစဉ်
အသံနက်ကြီးနှင့် အော်လာသော တမ်း'ကြောင့်
လန့်နိုးသွားသည်။"ခေါင်းကိုက်တယ် ငါခေါင်းကိုက်တယ်"
ခေါင်းကို လက်၂ ဖက်နှင့် ဖိကာ အော်ဟစ်
ငိုယိုနေသော တမ်း' ကြောင့် အိန္ဒြေထား
စိတ်ပူကာ ပေူထားသော
ဆေးများတိုက်ကြည့်သည်။သို့သော် တမ်း' က မသက်သာ။
ငိုယိုမြဲ ငိုယိုနေသည်။
ထို့ကြောင့် သူမ တမ်းကိုခေါ်၍
ဆရာဝန်ကြီးဆီ သွားလိုက်သည်။"လူနာအခြေအနေက အကောင်းရော
အဆိုးရော ဒွန်တွဲနေတယ်, အဲ့တော့
မနက်ဖြန် ဆရာတို့ကူသမှု ခံယူရမယ်။
အဲ့နောက်ဆက်တွဲကို သမီး သိမှာပါ"
ဆရာဝန်ကြီးက အိန္ဒြေထားကို ကြည့်၍
ပြောလာတော့ အိန္ဒြေထား ခေါင်းငြိမ့်ပြလိုက်သည်။အိန္ဒြေထား သည် ဆရာဝန်ဖြစ်၍
အစောထဲက သိထားပြီးသားပါ။
တမ်း' ကုသမှု ခံယူပြီးပါက သူမနှင့် တွေ့ခဲ့သော
၁ လ တာကို မေ့သွားနိုင်သည်။ဤ တစ်လအတွင်း သူမ က တမ်း' အတွက်
အရင်းနီးဆုံးသူ ဖြစ်ခဲ့သည် ။
ထို အခိုက်အတန်းလေးကို သူမ အဆုံးရှုံးမခံနိုင်။သို့ပေမယ့် တမ်း' ၏ ကျန်းမာရေးက
ပိုအရေးကြီးသည် မဟုတ်ပါလား။သူမ ဆရာဝန်ကြီးဆီမှာ တမ်း'ကို
ထားခဲ့လိုက်ပြီး စံအိမ်သို့ ပြန်လာခဲ့လိုက်သည်။
အရင်ခွက်ကို ပစ်ခွဲပေါက်လိုက်ပြီး
ပုလင်းလိုက် ကိုင်ကာ မော့ချလိုက်သည်။*****************************************
ကုသမှု ခံယူပြီး ဆေးရုံကုတင်တွင် မှေးစက်နေရာမှ လူတစ်ယောက်နိုးထလာသည်။ မျက်မှောက်ကြုပ်ကာ ဘေးပတ်ဝန်းကျင်ကို
ကြည့်လိုက်သည်။"ပါပါးနဲ့ မေမေ ပါ ရောက်နေကြတာလား"
တမ်း၏ ရွှင်ပြပြ အသံက ထွက်ပေါ်လာသည်။ထို့နောက် ဘယ်ညာ မျက်စိကစားလိုက်ပြီး
ဇေးကို ကြည့်ကာ"ယမင်းသီရိအောင်ရော"
တမ်း' ၏ အေးတိအေးစက် အသံ ထွက်လာသည်။
"သူ မပါလာဘူး တမ်း',
အိမ်မှာ ကျန်ရစ်ခဲ့တယ်"