"တမ်း .. တ မိသော "
အပိုင်း (၉)"ဒါဆို ကိုဇေးက ညီမ အစ်ကိုပေါ့"
ယမင်းသီရိအောင် မျက်လုံးပြူးနှင့်
မေးတော့ ခေတ် ခေါင်းငြိမ့်ပြလိုက်သည်။
ဇေးက မျက်လွှာလေး ချထားလျက်
ဘာမှ ဝင်မပြော။ထောင့်တစ်နေရာတွင် ထိုင်ရင်း သူတို့ ပြောသမျှ
နားထောင်နေသော တမ်း' က စိတ်အိုက်စွာ
ဆေးလိပ်ကို မီးညှိလိုက်သည်။"ကိုကို ညီမလေးကို အစတည်းက ပြောပြသင့်တယ်"
ယမင်းသီရိအောင်က တုန်လှုပ်နေသော အသံနှင့် ပြောလာသည်။"ကိုကို တောင်းပန်ပါတယ် ညီမလေး။
ညီမလေးနဲ့ ရင်းနီးလာမှ ကိုကို ပြောပြချင်တာမလို့ပါ"
ဇေးက တောင်းပန်သံနှင့် တိုးလျိုးစွာ ပြောလိုက်သည်။"အဲ့တော့ ကိုခေတ် နဲ့ မင်းနဲ့က လာမယ့် လထဲမှာ
မင်္ဂလာဆောင်မယ် ဆိုပါတော့"
တမ်း' က ဇေးကို ကြည့်ရင်း အေးတိအေးစက် ပြောလာသည်။"ဟုတ်တယ် ညီလေး, ကိုကြီးနဲ့ ဇေး
မိဘတွေကို အသိပေးပြီးပြီ။
မိဘချင်းလည်း ဆွေးနွေးပြီးကြပြီ"
ခေတ်က ဝင်ပြောလိုက်တော့"ဒါဆို ငါနဲ့ ယမင်းသီရိအောင်က
အမျိုးတော်တော့မှာပေါ့"
တမ်း' က မျက်မှောင်ကြုပ်ရင်း
ခပ်တိုးတိုးပြောတော့"တမ်း' ရှင်ဘာတွေ တွေဝေနေတာလဲ"
ယမင်းသီရိအောင်က ခပ်မောမောလေး
ဆိုလိုက်သည်။"ဘာမှ မဖြစ်ပါဘူး, ဒီတိုင်း ပြောလိုက်တာ"
တမ်း' က ပြောလည်းပြော
ထလည်း ရပ်လိုက်ရင်း အပြင်သို့ ထွက်သွားသည်။ဒီရက်ပိုင်း သူ စိတ်ရှုပ်စရာတွေ များနေသည်။
ခါးလ် ( Kharl ) နှင့် ပတ်သတ်ခဲ့မိသလို
အခုလည်း ဘာတွေမှန်းမသိ။တမ်း' သောက်လက်ဆ ဆေးလိပ်ကို လွင့်ပစ်လိုက်ရင်း မျက်ရိပ်ထောင့်မှာ ရုတ်တရက်ပေါ်လာသော ပုံရိပ်ကြောင့် လှည့်ကြည့်လိုက်တော့
"ဖောင်း..."
သူ့ ဘယ်ဘက်ပခုံးကို စိုက်ဝင်လာတဲ့ ကျည်ဆံတစ်ခု။ တမ်း' ဘေးသို့ ပစ်လဲကျသွားသည်။"ဖောင်း.... ဒိုင်း..."
သေနတ်သံက ဆက်တိုက်ထွက်ပေါ်လာတော့
တမ်း' လည်း ကားဘေးသို့ ခုန်ဝင်လိုက်ရင်း
တိမ်းရှောင်လိုက်သည်။