Pink Boy
အပိုင်း၁
"ဟဲ့....ဟိုမှာ.....ဟိုမှာ.... "
"ဘာကိုလဲ....ဘယ်မှာကိုပြောတာလဲ...."
ခိုင်ကြည်ရှင်းသန့် သူငယ်ချင်းမလေးရဲ့ လက်ညိုးတထိုးထိုးဖြင့် ညွှန်ပြရာနေရာသို့ ကြည့်ရင်းပြောလိုက်သည်။ သူမသည်ကန်တင်းသို့ လာနေသော ကျောင်းသားများရှိရာသို့ ညွှန်ပြနေခြင်းကြောင့် ဘယ်အရာကိုပြချင်မှန်း ခိုင်မသိပါ။
"အမလေး....မိခိုင်ရယ် နင့်မလဲ ပြူးသလောက်ကန်းတယ်...."
"အော်....နင်ကတစ်ဒါဇင်လောက်ရှိတဲ့ လူအုပ်ကြီးကို.....လာပြနေပြီး....ငါကဘာကိုမြင်ရမှာလဲ...."
ခိုင်သည် စိတ်ပေါက်ပေါက်ဖြင့် သူငယ်ချင်းမလေးအား ဟောက်ပစ်လိုက်တော့သည်။ ထိုအခါမှ သူငယ်ချင်းမလေးက ေခါင်းတခါခါ၊ လည်တခါခါလုပ်ရင်း မချိတင်ခဲဆိုလာသည်။
"နင်ဟာလေ....ပိန်းလိုက်တာ....အားလုံးထဲမှာ ထင်လင်းနေတဲ့ Pink Boyလေးကို မမြင်ဘူးလားဟ..... "
"Pink Boy...."
ထူးဆန်းပြီး မိန်းမဆန်လွန်းသည့် အခေါ်အဝေါကြောင့် ခိုင်ထိုလူအုပ်ကြားထဲကို ထပ်မံရှာဖွေကြည့်လိုက်သည်။ ခိုင်တွေ့လိုက်ပြီဖြစ်သည်။ ပန်းရောင်ဆံပင်ဖျော့ဖျော့အား ထိပ်မှနေနောက်သို့ လှန်စီးထားပြီး အောက်ဘက်တွင် ဆံပင်တစ်ချို့ ခပ်ဝဲဝဲလေးချထားကာ၊ ပန်းရောင်Hoodiခေါင်းစွပ်လေးကို အနက်ရောင်စွတ်ကျယ်လေး ခံဝတ်ထားပြီး၊ အနက်ရောင်ဂျင်းဘောင်းဘီကို ပန်းနှရောင်ဖျော့ဖျော့ ဖိနပ်လေးဖြင့် တွဲဝတ်ထားသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။
"ဘယ်လိုလဲ.....ရှင်သဘောကျနေပြီမလား...."
" ချောတာတော့ ချောပါတယ်...."
" ချောတာတော့ ချောပါတယ် မလုပ်နဲ့မိန်းမရေ.....သူကမနှစ်ကKingတဲ့တော်..... ငါတို့ရဲ့စီနီယာPinkလေးပေါ့.... ဟီ့ဟီ့...."
ခိုင်ရဲ့ သူငယ်ချင်းခင်ခင်လေးအား ကြည့်ရင်း ခိုင်ခေါင်းသာခါမိတော့သည်။ အဆင်လေးတွေ ငမ်းရမယ်ဆိုရင် မိခင်လေးတို့ကတော့ သွားရည်တများများနှင့် ဖြစ်နေတော့သည်။
YOU ARE READING
Pink Boy
Romanceအရောင်တစ်ရောင်တည်းကိုသာ စွဲစွဲမြဲမဲနှစ်သက်တဲ့ တက္ကသိုလ်ကျောင်းသားလေးတစ်ယောက် အကြောင်းလေးပါ။ အရောင်တစ်ရောင်တည်းကို Crazyဖြစ်တဲ့ ဇာတ်ကောင်တွေရေးထားတဲ့ လူများရှိရင် နားလည်ပေးဖို့တောင်းဆိုပါတယ်။ ပန်းရောင်အရမ်းကြိုက်တဲ့ ဇာတ်ကောင်မျိုး ရေးသားခြင်းမျိုး တူ...