Pink Boy
အပိုင်း၃
ထက်အွန်းစစ် လှည့်ထွက်သွားသည့် ဂျူနီယာမိန်းကလေးကို မျက်မှောင်ကုတ်ကာ ကြည့်နေမိသည်။ ထိုစဥ် မိမိပုခုံးပေါ်သို့ လက်တစ်ဖက်ရောက်လာတော့သည်။ ထက်အွန်းစစ်နောက်ကို လှည့်ကြည့်လိုက်တော့ သူငယ်ချင်းဖြစ်သူ ညီသုစိုင်းဖြစ်နေသည်။
တစ်ခုခုကို စူးစမ်းနေသည့် အကဲပိုသောအမူအရာကို ညီသုစိုင်းလုပ်ပြနေသည်။ ပြီးနောက် မချိုမချည်နှင့် တွေ့ရာလူဖျက်ရိုက်ချင်စရာ မျက်နှာထားကြီး ပြုလုပ်ထားသည်။ ပြီးနောက် နှစ်ကိုယ်ကြားရုံအသံဖြင့် ဆိုလာသည်။
"သားကြီး....သူလေးက ဘယ်သူလေးလဲ....လှသားပဲနော်...ဘယ်သူလေးလဲကွ...မနှစ်ကမမြင်ဖူးပါဘူး...."
"ပထမနှစ်ကျောင်းသူတဲ့...."
ထွက်သွားသော ခိုင်ကြည်ရှင်းသန့်ဆိုသော မိန်းကလေးကို ပြောနေခြင်းဖြစ်သည်။
ညီသုစိုင်းနှင့် စကားပြောရင်း ထက်အွန်းစစ်မိမိထိုင်ခုံ၏ ဘေးတွင်ရှိသော ပြတင်းပေါက်သို့ လျှောက်သွားလိုက်သည်။ ညီသုစိုင်းသည်လည်း ပေါက်ပေါက်ဖောက်သလို တတွတ်တွတ်ဖြင့် ပြောရင်းအနောက်က တကောက်ကောက်လိုက်နေသည့် တပည့်လေးလိုကပ်ပါလာလေသည်။ ထက်အွန်းစစ် ပြတင်းပေါက်ဘောင်ကို ကျောပေးကာမှီရပ်လိုက်သည်။"ဟုတ်လားကွ....မင်းနဲ့ဘယ်လို ပတ်သတ်တာလဲ...မင်းကတော့တစ်ကျောင်းလုံးက မိန်းကလေးတွေရဲ့ အချစ်ကိုရပါစေလို့များ ဆုတောင်းခဲ့သလားကွာ...."
ထက်အွန်းစစ် စကားများလွန်းသည့် ကောင်အားဘာစကားမှ မပြောပဲဖုန်းသုံးနေလိုက်သည်။ ဒါကို ကိုယ်တော်ချောက အလိုမကျဟန်ဖြင့် ဆိုလာသည်။
"မင်းရဲ့ ချစ်သူငယ်ချင်းလေးကိုတော့ အဖက်လုပ်သင့်တယ် နော်...."
ထက်အွန်းစစ် နှာခေါင်းသာရှုံပြလိုက်တော့သည်။ ညီသုစိုင်း ဆူဆူပုတ်ပုတ်ဖြင့် ထက်အွန်းစစ်ရှေ့သို့ ခုံတစ်ခုံဆွဲကာထိုင်လိုက်သည်။ ပြီးနောက်လက်ထဲမှ ပါလာသောပေါင်မှန့်တွေထဲမှ တစ်ထုတ်ကို ပစ်ပေးလိုက်သည်။ ထက်အွန်းစစ်၏အာရုံက လျင်မြန်တာကြောင့် မုန့်ထုတ်ကိုဖမ်းလိုက်ပြီးနောက် ညီသုစိုင်းအားတော်သည်ဟူသော အဓိပ္ပါယ်ဖြင့်လက်မထောင်ပြလိုက်သည်။
YOU ARE READING
Pink Boy
Romanceအရောင်တစ်ရောင်တည်းကိုသာ စွဲစွဲမြဲမဲနှစ်သက်တဲ့ တက္ကသိုလ်ကျောင်းသားလေးတစ်ယောက် အကြောင်းလေးပါ။ အရောင်တစ်ရောင်တည်းကို Crazyဖြစ်တဲ့ ဇာတ်ကောင်တွေရေးထားတဲ့ လူများရှိရင် နားလည်ပေးဖို့တောင်းဆိုပါတယ်။ ပန်းရောင်အရမ်းကြိုက်တဲ့ ဇာတ်ကောင်မျိုး ရေးသားခြင်းမျိုး တူ...