Part-4

174 24 12
                                    

Pink Boy

အပိုင်း၄

ထက်အွန်းစစ်  နွယ်နီဆိုသည့် မိန်းကလေးလာကပ်နေသည်မို့ အတော်လေးစိတ်ညစ်နေမိသည်။ အခုလည်း ထိုမိန်းကလေးကို ရှောင်ကာသွားလိုရာသို့ ထွက်လာခဲ့လိုက်သည်။ ရှောင်တိမ်းရတာ ထက်အွန်းစစ်စတိုလ်မဟုတ်ပေမယ့်လည်း၊ အရင်လိုပစ်ပစ်ခါခါပြောဖို့ မလိုသေးဘူးထင်လို့ဖြစ်သည်။ အကြောင်းကား မိန်းကလေးက ချစ်တယ်လို့မပြောပဲ၊ ဒီတိုင်းလိုက်ကပ်နေလို့ဖြစ်သည်။ ချစ်တယ်လို့ လမ်းကြောင်းခင်းလာရင် မိမိဗီဇအရ အပြက်ကို ပြောမှာဖြစ်သည်။

ဘောင်းဘီအိတ်ထဲလက်ထည့်ကာ ထက်အွန်းစစ် အားကစားကွင်းများ ရှိရာသို့ထွက်လာလိုက်သည်။ ဘတ်စကတ်ဘောကစားဖို့ အင်္ကျီလဲဝတ်လာလိုက်သည်။ ထက်အွန်းစစ် အားကစားလုပ်ရသည်ကို ဝါသနာပါသည်။

အားကစားသမားတစ်ယောက် ဖြစ်ချင်ခဲ့ပေမယ့် မိဘများကပညာရေးကိုသာ ဖိအားပေးခဲ့တာကြောင့် အိမ်မက်ကိုလက်လျော့ခဲ့ရသည်။ ခုနောက်ပိုင်းတော့ သူတို့ဒီနိုင်ငံမှာ မရှိကြတော့တာကြောင့် ထွက်အွန်းစစ်လုပ်ချင်တာကို အလွတ်လပ်ဆုံး လုပ်ခွင့်ရနေသည်။

အားကစားကွင်းနား မရောက်ခင် မိန်းကလေးတစ်ချိ​ု့က မိမိအားကြည့်ကာ အချင်းချင်းတွတ်ထိုးကာ ပြုံးစေ့စေ့လုပ်နေကြသည်။

မိန်းမတွေများ ပြောစရာမရှိ၊ ငါ့ကြည့်ပြီးဘာတွေပြောနေကြလဲမသိဘူး။

ထိုအချိန်

"ဟေ့....သားကြီး ငါတို့စောင့်နေတာ မြန်မြန်လာကွ အချိန်ကသိပ်ရတာမဟုတ်ဘူး.....ငါလူစုပြီးပြီကွ...."

ဘတ်စကတ်ဘော ကွင်းနားရောက်တော့ ညီသုစိုင်းက လှမ်းအော်ပြောတော့သည်။ မိန်းမတစ်ယောက်လို ခါးထောက်ပြီးပြောင်ချောချော ရန်တွေ့လိုက်သေးသည်။ ကျောင်းဆင်းချိန် ရောက်တော့မှာမို့ ကျူရှင်တန်းသွားရမည့် ကစားဖော်များလည်း ရှိနေလို့ဖြစ်သည်။

"လာပါပြီကွာ...."

ညီသုစိုင်းဘေးတွင် အခြားကျောင်းသားလေးယောက်ရှိနေသည်။ သုံးယောက်တစ်ဖွဲ့ဆော့ဖို့တော့ လူအနေအထားကအဆင်ပြေသည်။ အားလုံးလူခွဲလိုက်ကြသည်။ အခြားကျောင်းသားသုံးယောက်က တစ်ဖွဲ့၊ မိမိ၊ညီသုစိုင်းနှင့် နောက်ထပ်ကျောင်းသားတစ်ယောက်က တစ်ဖွဲ့ဖြစ်သည်။

Pink BoyWhere stories live. Discover now