Pink Boy
အပိုင်း၇
ထက်အွန်းစစ် စားပွဲရှေ့မှာ ထိုင်နေပေမယ့် စာကိုစိတ်မဝင်စားပေ။ လက်ထဲမှ ဘောပင်ကိုသာ လက်ချောင်းများကြား ပြေးလွှားကစားနေသည်။ ဒါကိုတစ်ဖက်လူမှ ရိပ်စားမိဟန်တူသည်။ စာရှင်းပြနေရာမှ ရပ်တန့်သွားသည်။ပြီးနောက် တည်ငြိမ်သော လေသံဖြင့်တစ်ဖက်ကဆိုလာသည်။
"ဟေ့...ပန်းရောင်လေး မင်းစာကိုအာရုံစိုက်သင့်တယ်နော်....."
ထက်အွန်းစစ် မျက်မှောင်ကျုံသွားသည်။ Pink Boyလို့ခေါ်ခံရပေမယ့် မိန်းမဆန်တယ်လို့ မထင်မိပါ။ သို့သော်ပန်းရောင်လေးဟု ထိုလူထံမှ နူးညံသောလေသံဖြင့်အခေါ်ခံရတော့ စိတ်ထဲတစ်မျိုးဖြစ်သွားသည်။ မိန်းမဆန်သလိုလို၊ ကလေးဆန်သလိုလို ခံစားမူ့မျိုးဖြစ်မည်။
"အဲ့လိုမခေါ်ပါနဲ့ဗျ....ကျွန်တော်ကယောင်္ကျားလေး....ပြီးတော့...ကလေးလည်းမဟုတ်ဘူးဗျ...."
ကြည်ရှက်းအုန်းမောင် သူ့ရှေ့တွင်ရှိသော ပန်းရောင်လေးရဲ့ စကားကြောင့်ခပ်ဖွပြုံးလိုက်မိသည်။ သူလေးက ပန်းရောင်လေးလို့ခေါ်သည်ကို မိန်းမဆန်ပြီးကလေးကုလားဆန်သည်ဟု ခံစားနေရပုံပေါ်သည်။ ပန်းရောင်လေးလို့သာ အခေါ်မခံချင်တာ သူလေးကအိမ်နေရင်းအဝတ်အစားကိုတင် ပန်းရောင်ပါသည်ကိုပဲ ဝတ်ထားလေသည်။ အနက်မှပန်းရောင်အဆင်းကြောင်းနှင့် စပို့ရှုပ်အား အဖြူဘက်ပိုများများသွားသော ပန်းရောင်အဖျော့ဘောင်းဘီတိုလေးဖြင့် တွဲဝတ်ထားလေသည်။
" ဘယ်လိုလုပ်မလဲ ကိုယ်ကအဲ့လိုပဲခေါ်ချင်တာလေ...."
ထက်အွန်းစစ် လူတွေ့တာနဲ် တကိုယ်ကိုယ်ဖြင့် သူ့ကိုယ်သူနာမ်းစား သုံးနေသူအား ဘုကြည့်ကြည့်လိုက်မိသည်။ ထိုလူသိပ်ကို ပိုင်စိုးပိုင်းနင်းနိုင်နေသည်။ အဖွားကြောင့်သာမဟုတ်ရင် ထိုလူအနားမနေချင်ပါ။
"ကျစ်.....သဘောဗျာ.....စိတ်ရှုပ်တယ်...."
ထက်အွန်းစစ် ခပ်တိုးတိုးလေး စုတ်သက်လိုက်သည်။ ကြည်ရှင်းအုန်းမောင်မှာတော့ စိတ်ရှုပ်နေတဲ့ပုံစံနှင့် ထက်အွန်းစစ်အား သဘောတကျ ကြည့်နေတော့သည်။
YOU ARE READING
Pink Boy
Romanceအရောင်တစ်ရောင်တည်းကိုသာ စွဲစွဲမြဲမဲနှစ်သက်တဲ့ တက္ကသိုလ်ကျောင်းသားလေးတစ်ယောက် အကြောင်းလေးပါ။ အရောင်တစ်ရောင်တည်းကို Crazyဖြစ်တဲ့ ဇာတ်ကောင်တွေရေးထားတဲ့ လူများရှိရင် နားလည်ပေးဖို့တောင်းဆိုပါတယ်။ ပန်းရောင်အရမ်းကြိုက်တဲ့ ဇာတ်ကောင်မျိုး ရေးသားခြင်းမျိုး တူ...