Pink Boy
အပိုင်း၆
"ဗျာ....အဖွားကလည်း....သားဘာသာလည်း စာလုပ်နိုင်ပါတယ်ဗျ.....အဖွားရဲ့မြေးက....တစ်ကျောင်းလုံးမှာ 1 to 10....ဝင်နေတာပဲလေ...."
"အော်....မြေးလေးရယ်... အဖွားမြေးလေးက အခြားဘာသာတွေ အမှတ်ပြည့်ရပေမယ့်.... သင်္ချာက အမှတ်နည်းတယ်လေ....ဟိုဆရာလေးကလည်း သင်ပေးပါ့မယ်တဲ့...."
ထက်အွန်းစစ် စီးနှောင်ထားခြင်းမရှိသည့် သူဆံပင်ရှည်ရှည်များအား လက်ချောင်းဖြူဖြူသွယ်သွယ်တို့ဖြင့် ထိုးဖွလိုက်မိသည်။ ထက်အွန်းစစ် ထိုသင်္ချာဆရာနဲ့ အတူစာမသင်ချင်ပါ။ ကျောင်းမှာသင်ရသည်တောင် မဖြစ်မနေမို့လို့ဖြစ်သည်။ ထိုဆရာရဲ့စာသင်ချိန်ရောက်တိုင်း မိမိမှာအမြဲ သင်ပုန်းပေါ်ထွက်ထွက်တွက်ရသည်။ ပြီးရင်လည်းအဖြေမှန်ရင်တောင် အဆင့်ပိုနေလို့တွေကော၊ တွက်နည်းရှည်လို့ကောဟု အကြောင်းအမျိုးမျိုးအကြောင်းပြကာ အရှက်ကွဲတတ်သူဖြစ်သည်။ အိမ်မှာသာသင်ရမည်ဆိုလျှင် အဖွားရှေ့မိမိမှာ အရှက်အတော်လေး ကွဲရမည့်အနေအထားမှာရှိသည်။
"မရဘူးနော်မြေးလေး....အဖွားကမြေးလေးကို အကုန်အလိုလိုက်တာ အဖွားမြေးလေးအသိဆုံးနော်.....ဆိုင်ကယ်ဆို...ဆိုင်ကယ်...ဆံပင်အရောင်လည်းဆိုးခွင့် ပေးထားတယ်နော်....ခုအဖွားမြေးရဲ့ ပညာရေးကြောင့်ပါကွယ်....နော်မြေးလေး..."
အဖွားဖြစ်သူ၏ အသနားခံမျက်ဝန်းများအောက် ရေခဲတုံးအသဲနှလုံးပိုင်ရှင်ကြီး အရည်ပျော်ရတော့သည်။ ထက်အွန်းစစ် သက်ပြင်းဖွဖွချလိုက်ရသည်။
"ပြီးရောဗျာ....ပြီးရော....အဖွားတို့များ အလိုလိုက်တယ်အလိုက်တယ်နဲ့ ပြီးရင်လက်နက်ကြီးတွေပဲ ထုတ်သုံးနေတော့တာပဲ...."
ဒေါ်ရွှေခြယ်တစ်ယောက် သူမအားကျောခိုင်းကာ ခြေဆောင့်ရင်း ပွစီပွစီပြောသွားသော မြေးဖြစ်သူကိုကြည့်နေလိုက်သည်။ ရယ်ချင်စိတ်ကိုမြိုသိပ်ရင်း သူမအောင်နိုင်သူလို ပြုံးလိုက်မိသည်။ ပြီးနောက်ဂျစ်ကန်ကန်နေတတ်ပေမယ့် ကလေးတစ်ယောက်လို ဖြစ်နေတဲ့မြေးဖြစ်သူလေးကို ပိုချစ်မြတ်နိုးမိသည်။ ဂျစ်ကန်ကန်နေတတ်ပြီး၊ ဆိုင်ကယ်စီးကာ လမ်းသရဲပုံစံလေး ဖြစ်နေပေမယ့် အရက်သောက်တာနှင့် အလောင်းကစားမလုပ်တတ်တာလေးကြောင့် ဒေါ်ရွှေခြည်ရင်အေးရသည်။ မိဘတွေမရှိတော့ ဆိုးချင်တိုင်းဆိုးမည်ဟု ထင်ခဲ့ပေမယ့် သူမအပေါ်မှာ သိတတ်သည်။ သူမမျက်နှာတစ်ချက် အပျက်မခံသော မြေးလိမ္မာလေးဖြစ်သည်။
YOU ARE READING
Pink Boy
Romanceအရောင်တစ်ရောင်တည်းကိုသာ စွဲစွဲမြဲမဲနှစ်သက်တဲ့ တက္ကသိုလ်ကျောင်းသားလေးတစ်ယောက် အကြောင်းလေးပါ။ အရောင်တစ်ရောင်တည်းကို Crazyဖြစ်တဲ့ ဇာတ်ကောင်တွေရေးထားတဲ့ လူများရှိရင် နားလည်ပေးဖို့တောင်းဆိုပါတယ်။ ပန်းရောင်အရမ်းကြိုက်တဲ့ ဇာတ်ကောင်မျိုး ရေးသားခြင်းမျိုး တူ...