Pink Boy
အပိုင်း၉
"ခဗျား ကျွန်တော့်ကို ကြိုက်လို့ နောက်ကလိုက်နေတာလား....."
"ဟမ်...."
ထက်အွန်းစစ် မိမိခရွှတ်ရွှတ်မေးလိုက်ခြင်းကို အတည်ကြီးထင်ကာ ထိပ်လန့်နေသော ကျောင်းဆရာကြောင့် မျက်ခုံးပင့်လိုက်မိသည်။ ပြီးနောက် ထိုလူရဲ့အတွေးတွေကို ပြောင်းလဲပေးရန် အတည်သဘောပြန်ဆောင်ကာ ပြောလိုက်ရသည်။
"ရွဲ့ပြောနေတာပါ ဆရာကြည်ရှင်းအုန်းမောင်ခဗျ...."
ထက်အွန်းစစ်၏ ခနဲ့သောလေယူလေသိမ်း စကားသံအဆုံးတွင် ကြည်ရှင်းအုန်းမောင်လည်း လမ်းပေါ်ထိုင်နေရာမှပြန်ထလိုက်သည်။ အရှက်ပြေ သူ၏ရှည်သွယ်သွယ်လည်တိုင်ကို လက်ဖြင့်ပွတ်နေလိုက်သည်။ သူခိုးလူမိသည်မို့ သူကောင်လေးကိုဘာပြန်ပြောရမလဲ မသိတော့ပေ။
ထက်အွန်းစစ် ဘာမှထပ်မပြောတော့ပဲ ကျောင်းဆရာနှင့်အတူ အနီးရှိဆေးခန်းတစ်ခုကို ရောက်သွားလိုက်သည်။ အနာလိမ်းဆေး၊ အရောင်ကျသောက်ဆေးနှင့် ပတ်တီးလိပ်တစ်ချို့ ဝယ်လာလိုက်သည်။ ရပ်ကွက်လမ်းထိပ်ရှိ ဓာတ်တိုင်အောက်မှ ခုံတန်းလေးတစ်ခုတွင် နေရာယူလိုက်ကြသည်။ ထက်အွန်းစစ် သူနာပြုလုပ်ရသည်ကို ဝါသနာမပါပေ။ မိမိကိုယ်ပေါ်မှာ ဒဏ်ရာရရင်တောင် ဖြစ်သလိုဆေးထည့်ပြီး နေလိုက်သူဖြစ်သည်။ သူတစ်ပါးအား ပြုစုကုသဖို့ဆိုသည်မှာ အဝေးဆုံးဖြစ်သည်။ ဆယ်တန်းတုံးက ဆေးလိုင်းမှီတာတောင် ဆေးတက္ကသိုလ်မတတ်တာပဲ ကြည့်ပါ။ ထက်အွန်းစစ် လက်ထဲမှဆေးအိတ်ကို ကျောင်းဆရာထံထည့်ပေးလိုက်သည်။ ပြီးနောက်သူနှင့်မဆိုင်သလို အေးဆေးစွာထိုင်နေပြီး အဝေးကိုကြည့်နေတော့သည်။
ကြည်ရှင်းအုန်းမောင်လည်း အိတ်ထဲဆေးဗူးတွေကိုထုတ်လိုက်သည်။ မိမိလက်ဒဏ်ရာကို ဖုံးထားသော အင်္ကျီစကို လက်မောင်းနားထိ ဆွဲတင်လိုက်သည်။ ထင်ထားသည်ထက် လက်ကအနည်းငယ်အရောင်လျော့နေပြီး သွေးတိတ်သွားသည်။ သက်ပြင်းငွေ့ငွေ့တော့ ချလိုက်မိသည်။
ကျေးဇူးကြီးလှသော တပည့်ဖြစ်သူကို ကယ်ချင်အုံး။ လူစွမ်းကောင်းလုပ်ချင်အုံး။ ခုတော့ ကလေးကဒဏ်ရာတောင်မရှိပဲ ဟော့ဒီက လူကြီးကသာ ဒဏ်ရာတွေရနေလိုက်စမ်းကွာ။ အရမ်းရှက်စရာကောင်းတာပဲဟ။
YOU ARE READING
Pink Boy
Romanceအရောင်တစ်ရောင်တည်းကိုသာ စွဲစွဲမြဲမဲနှစ်သက်တဲ့ တက္ကသိုလ်ကျောင်းသားလေးတစ်ယောက် အကြောင်းလေးပါ။ အရောင်တစ်ရောင်တည်းကို Crazyဖြစ်တဲ့ ဇာတ်ကောင်တွေရေးထားတဲ့ လူများရှိရင် နားလည်ပေးဖို့တောင်းဆိုပါတယ်။ ပန်းရောင်အရမ်းကြိုက်တဲ့ ဇာတ်ကောင်မျိုး ရေးသားခြင်းမျိုး တူ...