Part-8

67 9 2
                                    

Pink Boy

အပိုင်း၈

ထက်အွန်းစစ် ဒီနေ့ကျောင်းဆင်းတော့ ထုံးစံအတိုင်း ဆိုင်ကယ်လေးကို မောင်းနင်ကာ ကျောင်းမှထွက်ခွာလာလိုက်သည်။ သူငယ်ချင်းဖြစ်သူ ညီသုစိုင်းကလည်း သူ့ဆိုင်ကယ်နဲ့သူ ကျူရှင်သွားတတ်သည်မို့ ထက်အွန်းစစ်တစ်ယောက်တည်းဖြစ်သည်။ ထို့ကြောင့်သူငယ်ချင်းနှစ်ယောက် အရင်က လမ်းခုလတ်တွင် နားနေကြနေရာလေးမှ ဆိုင်ကယ်ခဏရပ်နားလိုက်သည်။ လမ်းကြားလေးတစ်ခုဖြစ်သည်။ လမ်းကြားလေးရဲ့ ထောင့်ဆုံးလမ်းဆုံးဆီသို့ ထက်အွန်းစစ်ဆိုင်ကယ်ပေါ်မှ ဆင်းကာလျှောက်လာလိုက်သည်။ တစ်ခါတစ်ရံဂိမ်းဝင်ဆော့နေကြ အင်တာနက်ဆိုင်လေးဖြစ်သည်။ ဆိုင်လေးထဲဝင်လိုက်သည်နှင့် ဆိုင်ရှင်အစ်ကိုကြီးက အပြုံးဖြင့် ကြိုဆိုလာလေသည်။

"အိုးး...ဖောက်သည်ကြီး ရောက်လာပြီပဲ...."

ထက်အွန်းစစ် ခပ်ဖွဖွပြုံးလ်ိုက်သည်။ တစ်ဖက်မှ စကားပြန်စလာသည်။

"တစ်ယောက်တည်းလား....ငါ့ညီ...."

"အင်း...တစ်ယောက်တည်းပဲ....ပုံမှန်အတိုင်းယူမယ်နော် Bro..."

"အိုခေပါညီလေး...."

ထက်အွန်းစစ်ပြောပြီးနောက် ထိုင်နေကြအနောက်ဆုံးနေရာသို့ သွားကာထိုင်လိုက်သည်။ ဒီဆိုင်လေးကို ထက်အွန်းစစ်တို့ သူငယ်ချင်းနှစ်ယောက် အထက်တန်းကျောင်းသား ဘဝကတည်းက လာနေကြဖြစ်သည်။ ထက်အွန်းစစ်ဘီဘူတ်ကို တချောက်ချောက်ရိုက်ကာ ဆော့နေတုံး ဆိုင်ရှင်မှစီကရက်ငါးလိပ်၊ ပီကေတစ်ထောင့်နှင့် ခေါက်ဆဲဲပုတ်စပ်စပ်လေးတစ်ပွဲကို ကြက်ဥထည့်ကာ ချပေးလာသည်။ ထက်အွန်းစစ်ဘယ်လက်မကို ထောင်ပြကာ ဆိုင်ရှင်၏ဖောက်သည်အပေါ်သိတတ်မှု့ကို ချီးမွန်းပေးလိုက်သည်။ ဆိုင်ရှင်အကိုကြီးမှ ခပ်ဟဟရယ်ကာ ထွက်သွားလေသည်။

ထက်အွန်းစစ် ခေါက်ဆွဲပြုတ်စားလိုက် ဂိမ်းဆော့လိုက်နှင့် အလုပ်များနေသည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ကြီးရဲ့ မူလပုံစံကို ပျိုမေတွေမြင်ရင် အံအားသင့်လောက်ပေသည်။ ထက်အွန်းစစ်၏ လူမမြင်နိုင်သော တစ်ဖက်ခြမ်းသည် သိပ်ကိုဖရိုဖရဲနိုင်လှသည်။ အပြင်မှာလို စမတ်ကျခြင်း အလျင်းမရှိ။ နူတ်ခမ်းဖူးလေးတွေကြားမှ ကျနေသည့်ခေါက်ဆွဲတန်းလန်းနှင့် မှေးစေ့အောက်သက်ဆင်းနေသော ခေါက်ဆဲွဲပြုတ်ရည်များကို ထက်အွန်းစစ် လက်ဖမိုးဖြင့် အလျင်အမြန်သုတ်ဖယ်လိုက်သည်။ ပြီးနောက်ဂိမ်းကိုသဲကြီးမဲကြီးဆော့နေတော့သည်။ အေးစက်တည်ငြိမ် လှပါသည်ဆိုသော မျက်နှာတော်လေးမှာလဲ ရှုံမဲ့တွန့်ချိုးလိုက်၊အားရအောင်ပြုံးလိုက်၊ ရယ်လိုက်နှင့် အမျိုးမျိုးပြောင်းလဲနေတော့သည်။

Pink BoyWhere stories live. Discover now