Pink Boy
အပိုင်း၅
"မိန်းမ.....နင် တကယ်ပဲ Pink Boyနဲ့ မိတ်ဆွေဖြစ်ချင်နေတာလား....မှန်မှန်ပြောနော်...."
ခင်ခင်လေးသည် ဘေးနားတွင် အတူလမ်းလျှောက်လာသော ခိုင်ကြည်ရှင်းသန့်အား မကျေမချမ်းဆိုလာသည်။
"မဟုတ်ဘူးဆိုရင်ကော...."
ခိုင်ကြည်ရှင်းသန့် လမ်းလျှောက်နေတာကို ရပ်တန့်လိုက်ပြီး လက်ပိုက်ကာခင်ခင်လေးအား ပြန်ဖြေလာသည်။ ခင်ခင်လေးသည် စူပုတ်ပုတ်မျက်နှာထားသို့ ပြောင်းသွားသည်။ ခိုင်ကြည်ရှင်းသန့်ကတော့ ပြီတီတီမျက်နှာထားဖြစ်နေသည်။
"ဒါဆို.... နင်က ဘာလို့အသဲအသန် မိတ်ဆွေဖြစ်ဖို့ ကြိုးစားနေရတာလဲ...."
ခင်ခင်လေး၏ ဒုတိယမြောက်မေးခွန်းအား ခိုင်ကြည်ရှင်းသန့် ပါးစပ်ဖြင့်မဟုတ်ပဲ မျက်နှာအမူအယာဖြင့် ပြန်ဖြေလာသည်။ မျက်ခုံးနှစ်ဖက်ကို ပင့်ပြကာမဲ့ပြုံးလေး လုပ်ပြလာသည်။ ခင်ခင်လေးမှာ မယုံနိုင်စွာ ကိုယ့်ပါးစပ်ကိုယ်လက်ဖြင့် ပြန်ပိတ်ကာ မင်သက်သွားရသည်။ ထိုအမူအရာကို ခိုင်ကြည်ရှင်းသန့် သဘောတကျရယ်မောလာသည်။
"ဘုရားရေ....မိန်းမနင်....မဟုတ်မှလွဲရော...."
"ဟုတ်တယ်လေ....နင်ထင်နေသလိုပဲ...."
ခင်ခင်လေးမှာ အံသြမင်သက်မှု့များစွာဖြင့် မယုံနိုင်ဖြစ်နေရသည်။ သူ၏သူငယ်ချင်းမလေး အကြောင်းကိုသူအသိဆုံးဖြစ်သည်။
"မိန်းမရယ်....ငါ့ရဲ့Pink Boyလေးကိုတော့ သနားပါဟယ်....သူ့ဘာသာအေးဆေးနေပါစေ...."
"တိတ်စမ်း....ငါကဆုံးဖြတ်ပြီးရင် မရရအောင်လုပ်မှာ....လာမတားနဲ့ရှင်ကြီး......"
ခိုင်ကြည်ရှင်းသန့် သူမရင်ဘက်ပေါ်မှ ဆံနွယ်ရှည်လေးများအား လက်ဖြင့်ကျောဘက်သို့ ခါချပစ်လိုက်သည်။ ပြီးနောက် ဆရာမကြီးစတိုလ်ဖြင့် ရပ်နေလိုက်သည်။ ခင်ခင်လေးကတော့ မနိုင်စိန် သူငယ်ချင်းကို လက်မြှောက်အရှုံးပေးရတော့သည်။
"ဆုံးဖြတ်ချက်....ချပြီးပြီ....ငါ့အကို....အမလေး...."
ခိုင်ကြည်ရှင်းသန့် ပြောနေသည့်စကားများပင် ဆက်မပြောနိုင်အောင် လန့်သွားရသည်။ အကြောင်းမှာကား သူမလွယ်လာသောလွယ်အိတ်လေးကို လူတစ်ယောက်က ဆိုင်ကယ်ဖြင့်ဆွဲလုသွားလို့ဖြစ်သည်။ သူမကလွယ်အိတ်ကိုတစ်ဖက်တည်း လွယ်ထားတာကြောင့် လုယပ်သူအတွက် အခွင့်ကောင်းဖြစ်သွားရသည်။
YOU ARE READING
Pink Boy
Romanceအရောင်တစ်ရောင်တည်းကိုသာ စွဲစွဲမြဲမဲနှစ်သက်တဲ့ တက္ကသိုလ်ကျောင်းသားလေးတစ်ယောက် အကြောင်းလေးပါ။ အရောင်တစ်ရောင်တည်းကို Crazyဖြစ်တဲ့ ဇာတ်ကောင်တွေရေးထားတဲ့ လူများရှိရင် နားလည်ပေးဖို့တောင်းဆိုပါတယ်။ ပန်းရောင်အရမ်းကြိုက်တဲ့ ဇာတ်ကောင်မျိုး ရေးသားခြင်းမျိုး တူ...