Part-2

209 28 19
                                    

ဖတ်လို့မကောင်းဘူးလားဗျ။ Introကလောက် ဖတ်တဲ့လူမရှိတော့ဘူး။😔😔

Pink Boy

အပိုင်း၂

"အမေရေ.....ကိုကြီးရေ သမီးပြန်လာပြီ....ပြန်လာပြီ......ပြန်လာပြီဗျို့...."

ကြည်ရှင်းအုန်းမောင် မိမိအိပ်ခန်းထဲမှာ မနေ့ဖန်ကျောင်းသွားဖို့ ပြင်ဆင်စရာရှိတာများကို ပြင်ဆင်နေသည်။ အခန်းအပြင်မှ အော်ဟစ်နေသော စာကလေးမလေး၏ အသံဆာဆာသည် အခန်းထဲထိတိုင်ကြားနေရသည်။ ညီမဖြစ်သူသည် အငယ်ဆုံးမို့ ကလေးပိုဆန်ပြီး၊ ပိုပြီးလည်းဆိုးသည်။ ကြည်ရှင်းအုန်းမောင် အခန်းအတွင်းမှ ထွက်လာလိုက်သည်။ သစ်သားတံခါးမကြီးအားဖွင့်ထားပြီး၊ သံဗန်းဆွဲတံခါးကိုသာ သော့ခတ်ထားမို့ စာကလေးမလေး၏ အော်သံကအခန်းထဲထိ ရောက်လာခြင်းဖြစ်မည်။

အမေ သူ့သမီးကျောင်းပြန်လာမှာမို့လို့ တံခါးမကြီးကို ဟထားပေးတာဖြစ်ရမယ်။

"စာကလေးမလေး....အာပြဲကြီးနဲ့အော်မနေနဲ့....ဘေးအိမ်တွေကို အားနာအုံး.....ဒီနေ့ပဲပြောင်းလာတယ်....ဒီနေ့ပဲရပ်ကွက်ရုံးမှာ အတိုင်ခံနေရမယ်ဟ...."

"မကြောက်တာ....အခါတစ်ရာ....ကိုကြီးရာ အဘိုးကြီးလို ပွစီပွစီလုပ်မနေပါနဲ့တော့.....ညီမလေးဗိုက်ဆာနေပြီလို့....တံခါးမြန်မြန်ဖွင့်ပေးတော့...."

"ဘာငါ့များ အဘိုးကြီးဟုတ်လား....နင်တော့သေတော့မယ်.....ငါနင့်ထက်၁၂နှစ်ကြီးတာနော်....စာကလေးမ"

အရိုင်းတုံးလေးကို လေသံအနည်းငယ် မာမာဖြင့် ဟောက်လိုက်တော့မှ လျာတစ်လစ်လေးဖြင့် ဇတ်ကလေးပုဝင်သွားတော့သည်။

"ဟုတ်ပါပြီ ကိုကြီးရယ်.....ခုတံခါးဖွင့်ပေးတော့နော်.....သမီးဗိုက်ဆာနေပြီ....ဗိုက်ဆာနေပြီလို့...."

"နင် သတိထားနော်...."

ကြည်ရှင်းအုန်းမောင် အပိုးမကျိုးသည့် ညီမအားထပ်မံကျိန်းကာ သော့ဖွင့်ပေးပြီး ဝင်လာခိုင်းလိုက်သည်။ ထိုစဥ်နောက်ဖေးမှ အမေထွက်လာတော့သည်။

"လာပါတော်...လာပါ မယ်မင်းကြီးမရယ်....ညည်းအတွက် ချက်ပြုတ်ထားပါတယ်နော်.....ညည်းမလည်းအေ....မိန်းကလေးဖြစ်ပြီး အာကိုပြဲလို့.....ငါတို့တုန်းကများ ရယ်ရင်တောင်အသံမထွက်ရယ်ရတာ...."

Pink BoyWhere stories live. Discover now