လူငယ်လေးသည် သူ့စိတ်နှင့်ကိုယ် တည်ငြိမ်နေပြီဖြစ်သည်။ ဘယ်သူကသိမှာလဲ ဓါတ်လှေကားပေါ်တက်ပြီး နံပါတ်တွေ အဆက်မပြတ်ပြောင်းနေတာကို ကြည့်ရင်းသူစိတ်က တုန်လှုပ်ခြောက်ခြားသွားသည်...။
ဒင်!
Xiao Nan သည် သူ့နှလုံးခုန်သံသည် ဗုံတစ်လုံးလို ခုန်ပေါက်နေပြီး ပျော့ပျောင်းသော ခြေဖဝါးဖြင့် ဓာတ်လှေကားမှ ထွက်လာခဲ့သည်။
Xiao Nan သည် တစ်နေ့တွင် ဦးလေးဖြစ်သူအား ဝန်ခံရမည်ဟု မထင်ခဲ့ပေ။ ဒါက တားမြစ်ထားတဲ့ အချစ်တစ်ခုလို့ သူနားလည်ထားပေမယ့် မသိလိုက်ပဲ ချစ်မိသွားခဲ့တယ်...
Xiao Nan သည် အခန်း 708 ရှေ့မှာ ရပ်လိုက်ပြီး တံခါးဘဲကို နှိပ်လိုက်သည် ။ တစ်ကြိမ်၊ နှစ်ကြိမ်… သို့သော် အကြာကြီးတိုင်အောင် ဘယ်သူမှ တံခါးလာမဖွင့်။
ဦးလေး ဘယ်မှာလဲXiao Nan သည် တံခါးကို မှီပြီး နောက်ပြန်ထိုင်လိုက်သည်။ အခုက နေဝင်ချိန်ဖြစ်သည်။ နှစ်ကုန်ရင် ရာသီဥတုအေးပေမဲ့ သူအင်္ကျီမဝတ်ဘဲ အမြန်ထွက်လာခဲ့မိတယ်။ ဟိုတယ်တွင် အပူပေးထားသည့်တိုင် တံခါးဘေးတွင်ထိုင်နေသော လူငယ်လေးမှာ အေးစက်နေဆဲဖြစ်သည်။ Xiao Nan က သူ့ဒူးကို ပွေ့ဖက်လိုက်ပြီး ခေါင်းကို မြှုပ်လိုက်ပြီး သူ့ပခုံးတွေ အနည်းငယ် တုန်ခါသွားတယ်။
ဦးလေးက စိတ်ဆိုးပြီး ထွက်သွားပြီ သူကို မလိုချင်တော့ဘူး...
Xiao nanက တစ်ခါမှမချစ်ဖူးခဲ့ပေ။သူငယ်ငယ်လေးထဲက xiao ningက ပြုစု စောက်ရှောက်ခဲ့တာဖြစ်သည်။ မဆုံဖြစ်ရင်တောင်ခနခန ဖုန်းဆက်ခဲ့တယ် ။
"Uwu..."Xiao nanကမထိန်းနိုင်ဘဲငိုခဲ့သည်။ ရုတ်တရတ် နွေးထွေးတဲ့ထွေးပွေ့မှုလေးတစ်ခုက သူ့ကို ဝန်းရံထားသည်။ မသိစိတ်က ရုန်းကန်လိုက်သည်။
"မလှုပ်နဲ့၊ ဒီေလာက်အေးနေတာ ဘာလို့အင်္ကျီ မဝတ်ဘဲထွက်လာတာလဲ "
ထိုလူက xiao nanကို လွယ်ကူစွာဆွဲယူလိုက်ပြီး တံခါးဖွင့်လိုက်သည်။ ရုတ်တရတ် သူ့ပုခုံးမှာ စိုစွတ်လာတာကို ခံစားလိုက်ရတယ်။ "ဘာကိစ္စရှိလို့လဲ၊ စောင့်နေတာကြာပြီလား "
လို့တိုးတိုးလေးမေးလိုက်တယ် ။
![](https://img.wattpad.com/cover/300466944-288-k274175.jpg)
ŞİMDİ OKUDUĞUN
Passion On The Bus(Myanmar Translation) Complete
Kısa HikayeTitle-passion on the bus State in COO-3chapters +3extras I don't own this story . Crover photo from pinterest. ကောလိပ်ဝင်ခွင့်စာမေးပွဲကိုလွယ်လွယ်ကူကူဖြေဆိုပြီးနောက်xiao nanသည်ကျေးလက်ရှိသူ့အဖွားအိမ်သို့ရက်အနည်းငယ်ကြာသွားရန်ဆုံးဖြတ်လိုက်သည်။သူသည်ကျေးလ...