part 13🍃

629 59 8
                                    

Taehyung တစ်ယောက် Jungkook ရဲ့
အဖိုးဖြစ်သူဆီသို့ အမတ်လောင်း
ဦးလေး Seomin မူးယစ်ဆေးသုံးစွဲနေသည်ဟူသော
တစ်ဖက်ပြိုင်ပါတီ၏ စွပ်စွဲချက်ကြောင့်
Dae sung group ကိုပါထိခိုက်လာနိုင်၍
ကိစ္စတွေကိုအတည်ပြုရန် ရောက်ရှိလာခဲ့သည်..

အဖိုးကတော့ တည်ငြိမ်ဆဲပင်။ ။

"ကျွန်တော်တို့ company ကိုပါ
ထိခိုက်လာနိုင်တာ သိတယ်မလား အဖိုး
ကျွန်တော်တို့လို စီးပွာရေးသမားတွေက
အလှုလုပ်ရင်တောင် အကျိုးအမြတ်အတွက်
လုပ်တဲ့သူတွေကြီးပဲ သူတို့လက်ထဲဘာ
သက်သေရောက်သွားလို့ ဒီလောက်ထိတိတိကျကျ
ဦးလေး Seomin ကို စွပ်စွဲချက်တင်လဲဆိုတာ
မသိနိုင်ဘူး အဖိုး
ဦးလေး Seomin သမ္မတဖြစ်တာနောက်မှ
ကျွန်တော်တို့ Dae sung group ကိုထိခိုက်မှာက
အရင်...
တော်ကြာ ပြည်သူတွေက ဦးလေး Seomin ရဲ့
နောက်ခံ ဘဏ္ဍာရေး sponsor ကျွန်တော်တို့
Company ကိုပါ မူးယစ်ဆေး ဖြန့်ချီသူအဖြစ်
နာမည်တပ်လိုက်ရင် .."

"တော်စမ်း"

"မတော်နိုင်ဘူးဗျာ ဘာအကျိုးအမြတ်မှမရရခင်
နာမည်တော့အပျက်မခံနိုင်ဘူး ကျွန်တော်တို့
အဖိုးတို့ ပါတီအတွက် နောက်ခံဖြစ်ပေးဖို့
တော်တော် စဥ်းစားယူရတော့မှာပါ
အဲ့ဒီသတင်းကလည်း ကောလဟာလ
ဖြစ်ဖို့ကျွန်တော်ဆုတောင်းပေးနေပါတယ်"

Jungkook အဖိုးဖြစ်သူက
Taehyung အပေါ် ဟန်ဆောင်ပြုံးတစ်ချို့နှင့်
ဆက်ဆံလာခဲ့သော်လည်း
ယခုချိန်တွင် ဟန်ဆောင်ပြုံးများပင်ရှာမရအောင်
အာဏာတစ်ခုအတွက် စိတ်ရင်းအမှန်ကိုပြရင်း
ဒေါသအကြည့်များနှင့်သာ...

"မင်း မင်းက အရာရာကို
အလောတစ်ကြီးဆုံးဖြတ်တတ်တဲ့အကျင့်ရှိတာပဲ
ယောင်း"

"ဒါကျွန်တော့်အပိုင်းပါ"

"ဒီလိုကြောင့်မင်း Jungkook ရဲ့သဘောကျခြင်း
မခံပဲ သူများဆီစိတ်ရောက်နေတာ မထူးဆန်းတော့ပါဘူး"

"ဘယ်လိုဗျာ"

Taehyung ရင်တွေဒိန်းခနဲ့..

ပိုင်ဆိုင်ချင်သူလေးကို Jungkook ရဲ့
အဖိုးဖြစ်သူက သိနေပြီ..

အာဏာတစ်ခုအတွက်ဘာမဆိုလုပ်နိုင်တဲ့
အဲ့ဒီလူကြီးက အကယ်၍ တကယ့်ကို
အကယ်၍များ ပိုင်ဆိုင်ချင်သူလေးကို
ရည်ရွယ်ချက်ရှိရှိ တစ်ခုခုများလုပ်လိုက်ရင်

ခြွေ🍃(chway)Место, где живут истории. Откройте их для себя