Part 1//
မေမေနှင့်ကျွန်တော် ထမင်းစားခန်းက ထိုင်ခုံ လေးတွေပေါ်တွင်ထိုင်၍ ကျွန်တော်က အရုပ်ကလေးတွေ ဆက်ပြနေသည်ကို မေမေက ရယ်မောလျှက်.."သားက အမြဲတမ်း အိမ်ပုံလေးတွေပဲ ဆက်နေတာ အိမ်လေးတွေဆောက်ရတာ သားသဘောကျလို့လား Jimin လေးရယ်"
မေမေကအမြဲ ကျွန်တော် လှုပ်ရှားမှုလေးတွေ ကျွန်တော့် စိတ်ခံစားချက်လေးတွေကို ခနခန ဂရုတစိုက် စူးစမ်းလေ့ရှိတယ်..
"ဟုတ်တယ် မေမေ သားက ကြီးလာရင် အိမ်တွေ ဆောက်တဲ့ အင်ဂျင်နီယာကြီးဖြစ်ချင်တာ မေမေရဲ့"
"သားက ဖြစ်မှာပေါ့ မေမေ့သားလေးက ခုကတည်းက ဥာဏ်သိပ်ကောင်းလွန်းပြီး သိပ်တော်တာကိုး"
"သားက အင်ဂျင်နီယာကြီး ဖြစ်လို့ ရှိရင်မေမေ့ကို ချမ်းသာအောင်ထားမှာ"
"မေမေ့သားလိမ္မာလေး"ကျွန်တော် နှင့် မေမေရဲ့ ရီသံလေးတွေ အိမ် ကျဥ်းကျဥ်းလေးထဲ၌ လွှမ်းခြုံလျှက်....
ထိုအချိန်တွေက ကျွန်တော့်ကလေးဘဝအတွက် အပျော်ရွှင်ဆုံးအချိန်တစ်ခုဖြစ်ခဲ့သည်။
ဒါပေမယ့် မုန်တိုင်းဆိုတာ နေအိမ်တွေ တိုက်တာတွေကိုပဲ ပြိုပျက်စေတဲ့မုန်တိုင်းမျိုးပဲရှိတာ မဟုတ်ဘူးလေ
အဖေမရှိတော့တဲ့နောက် ကျွန်တော်နှင့်မေမေရဲ့ ၂ဦးကြားတည်းရှိတဲ့ ပျော်ရွှင်မှု အသိုက်အမြုံကို ပြိုလဲစေခဲ့တဲ့ ဘဝပေးမုန်တိုင်းကြီးကြောင့် ကျွန်တော့်ရဲ့ပျော်ရွှင်မှုတွေက ထိုနေ့က နောက်ဆုံးဖြစ်ပါလိမ့်မယ်။ရက်စက်လိုက်တာ ကြမ္မာမုန်တိုင်းရယ်။ ။
၂ရက်ခန့်ကြာသော်...
မေမေက ၇နှစ်အရွယ် ကျွန်တော့် လက်ကိုဆွဲ၍ Busan မြို့ ရက်ကွက်တစ်ခုမှာရှိတဲ့ နေရာလေးတစ်ခုဆီသို့...."မေမေ သားတို့ အိမ်အသစ်လားဟင်မေမေ"
"ဟုတ်တယ် သားလေး "ကျွန်တော် မေမေ့ကိုနားမလည်း မေမေက စျေးထဲတွင် သာမန်အသီးဆိုင်သေးသေးလေး ဖွင့်ထားတဲ့သူလေ
မေမေ ဘယ်လို ကြောင့် ဒီလို အိမ်ရော ခြံရောပါတဲ့ နေအိမ်တစ်ခုလုံး ကို ပြောင်းလာသလဲဆိုတာ ကျွန်တော် လုံးဝနားမလည်...
ESTÁS LEYENDO
ခြွေ🍃(chway)
Fanficဘယ်လောက်ပဲရုန်းရုန်း နောက်ဆုံးတော့ ဒီမေတ္တာချည်တိုင်မှာ ကျွန်တော်လာငြိမြဲပါပဲလေ။ ။