part 8 🍃

684 68 8
                                    

အမူးလွန်ပြီး ခွေယိုင်ကျတော့မယ့်
ကျွန်တော့် ခါးကို ဖက်၍ လှမ်းထိန်းလိုက်သူ

MD Kim Taehyung!!

ကျွန်တော့်ကို အံ့အားသင့်သွား
စေသည်တော့အမှန်..

ကျွန်တော် အရက်ရှိန်ကြောင့် ရီဝေဝေ
ဖြစ်နေသော်လည်း...

သူ့ကို နားမလည်စွာ
စိုက်ကြည့်နေရင်း...

"မအံ့သြပါနဲ့ ကိုယ့်လို စီးပွားရေးလုပ်နေတဲ့
သူတစ်ယာက်က Busan ကိုလာတာ
မထူးဆန်းသလို
မင်းနဲ့ ဒီလိုတွေ့တာလည်း
ထူးဆန်းမယ်မထင်ပါဘူး"

တကယ် လူရိပ်လူကဲသိတဲ့
လူတစ်ယောက်ပါပဲဗျာ..

ဒီလို လူရည်ပါးလို့လည်း
Dae sung group ရဲ့ MD
ဖြစ်လာတာ မထူးဆန်းတော့ပါဘူး...

"ဟို...ကျေးဇူးတင်..."

"ဝေါ့..."

ကျွန်တော်က အရက်ကို
မူးတဲ့ထိသာသောက်နိုင်တာ
အရက်ဒဏ်မခံနိိုင်ချက်ကတော့
မူးပြီဆို အန်တာပါ တွဲလိုက်လာတာ..

သိရက်နဲ့လည်း ကျွန်တော့်ရင်ထဲက
နာကြည်းမှုတွေပူလောင်မှုတွေကို
အရက်နဲ့ ငြိမ်းသတ်လိုက်ရမှ...

အခုလည်း MD Kim Taehyung ကို
အားနာစရာဖြစ်ကုန်ပြီ...

ဘယ်လောက်ပဲ ကျွန်တော့်အပေါ်
အထက်စီးဆန်စွာပြုမူခဲ့ပါစေ...

ခုတော့ ကျွန်တော်က သူအပေါ်
ပြန်အားနာနေမိပြီ..

ကျွန်တော် သူ့ဝတ်ဆင်ထားသော
ကြက်သွေးရောင် Long coat ပေါ်
မသိတတ်စွာ အရက်ရဲ့ အလိုက်မသိ
တွန်းထုတ်မှုကြောင့် အန်ချမိလိုက်ပြီ...

သူ့အင်္ကျီလက်ပေါ် အန်ချမိလိုက်သူ
မူးဝေနေသော ကျွန်တော့်ကို
မျက်နှာတစ်ချက်မပျက်ပဲ
ကျွန်တော့်ခြေလှမ်းတွေကို
ပုံမှန်ဖြစ်အောင် ထိန်းခေါ်လာရင်း...

"ဒါမင်းအခန်းလား"

"မဟုတ်ဘူး ဟိုဟာ"

ကျွန်တော်လက်ညိုးထိုးပြနေသော
သူနဲ့ကျွန်တော့် တွေ့သည့် ရှေ့က
ကျွန်တော့်လက်ယာနောက်ကျောဘက်က
အခန်းကို လှည့်ကြည့်ရင်း အသံ
သြရှရှလေးနဲ့ ခွစ်ခနဲ့ ထရီသည်...

ခြွေ🍃(chway)Tempat cerita menjadi hidup. Temukan sekarang