အတိတ်ကို အတိတ်မှာထားခဲ့ပြီချန်ထားခဲ့ဖို့
အဲ့ဒီအနမ်းတွေကနေ သင်ယူတတ်ခဲ့ပြီအာ..သင်ယူခဲ့တာမဟုတ်ဘူး
လုံးဝလွှတ်ချပစ်ခဲ့တာ...ကျွန်တော် hyung ကိုသိပ်ချစ်တာလေ
hyung နဲ့ကျွန်တော်နဲ့ကြား
ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ဖြစ်ခဲ့
hyung ကို ဘယ်တော့မှ
လက်မလွှတ်နိုင်ခဲ့တာ ကျွန်တော်
ဆုံးဖြတ်ပြီးထားပြီးသားhyung ရင်ငွေ့ကိုခိုပြီး
hyung စကားသံတွေကို နားထောင်ရင်း
Hyung ကျိုပေးတဲ့နွားနို့ကိုသောက်ကာ
ဘဝကြီးကို ရိုးရှင်းစွာဖြတ်သန်းတော့မယ်hyung ဟိုနေ့ကပြောတဲ့
ဖေဖေ့ diary စာအုပ်တဲ့။ ။မဖတ်ချင်ဘူး...
hyung နဲ့ဖေဖေနဲ့က အဆင်ပြေတဲ့
ဆက်ဆံရေးမှမဖြစ်ခဲ့ပဲhyung မကောင်းကြောင်းတွေရေးထားတဲ့
ဒီ diary ကို ကျွန်တော်လည်းမဖတ်
hyung ကိုလည်းမဖတ်ခိုင်းပဲ
မီးရှို့ပစ်ဖို့ ဆုံးဖြတ်ပြီးသား။ ။"Jeon... ဘာလိုလိုနဲ့ May လတောင်ရောက်လာပြီနော်
Jeon စကားမပြောနိုင်တော့တာ 1နှစ်တိတိကြာရောပေါ့"ဟုတ်ပါရဲ့..
ပြန်တွေးတတ်ရင် hyung ကျွန်တော့်ကို
ထားပစ်ခဲ့တာ 1နှစ်တိတိကြာပြီဆိုတဲ့
သဘောပေါ့..စိတ်နာလားဆိုတော့
လုံးဝမနာပါဘူးဒါပေမယ့် အဲ့ဒီအချိန်ကို
ပြန်တွေးကြည့်ရင်တော့ အမှောင်ယံ
ညတစ်ညလိုကြောက်ဆဲပဲ။ ။ဘာလို့ဆို ကျွန်တော့်နားမှာ
hyung မရှိတော့တဲ့အချိန်တွေလိုလေ..ကျွန်တော် hyung မျက်နှာကို
တည့်တည့်ကြည့််ရင်း hyung လက်ကို
တယုတယ ဆုပ်ကိုင်ကာ
ထပ်ပြီးထားမသွားဖို့ မျက်ဝန်းတွေနဲ့
တောင်းဆိုနေလိုက်မိပြီလေ..စကားမပြောနိုင်တဲ့ ကျွန်တော့်ရဲ့
မျက်ဝန်းတွေက hyung နဲ့ ကျွန်တော်နဲ့
ကြားမှာ ဘာသာစကားတစ်ခုလိုဖြစ်နေပြီ..ဒါ့ကြောင့် ကျွန်တော့်မျက်ဝန်းတွေကို
ကောင်းကောင်းဖတ်တတ်တဲ့ hyung
ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ကျွန်တော့်
နဖူးကို အသာအယာ နမ်းရှိုက်နေလတော့
သည်။
![](https://img.wattpad.com/cover/293955156-288-k838612.jpg)
VOCÊ ESTÁ LENDO
ခြွေ🍃(chway)
Fanficဘယ်လောက်ပဲရုန်းရုန်း နောက်ဆုံးတော့ ဒီမေတ္တာချည်တိုင်မှာ ကျွန်တော်လာငြိမြဲပါပဲလေ။ ။