part 11🍃

788 66 18
                                    

ချစ်သူ့စွမ်းအင်တွေကြောင့်
ဖြစ်ရပ်ဆန်းတစ်ရပ်လို ကျွန်တော်
နိုးထလာခဲ့ပြီ...

ကျွန်တော်သာနိုးထမလာခဲ့ရင်
ခုချိန်ကျွန်တော်သိပ်ချစ်ရတဲ့
ကျွန်တော့်ချစ်သူလေး Jeon
ရှင်လျှက်သေဆုံး သွားမလား
လုံးဝသေဆုံးသွားမလား
တွေးမကြည့်နိုင်အောင်ပင်...

ကျွန်တော် သူ့ဘေးပြန်ရောက်လာချိန်
ကျွန်တော် သူ့ဘေးကနေ
ပြန်ထွက်သွားမှာ သူ့အရမ်းစိုးရိမ်
နေတယ် ထင်ပါရဲ့..

နေ့ရောညရော...
ကျွန်တော့်ဘေးကနေ
တစ်ဖဝါးတောင်မခွာပဲ
ကျွန်တော့်လက်လေးကို
သူအချိန်ပြည့်ဆုပ်ကိုင်ထားခဲ့သည်...

သူကြောက်ရွံ့သလို ကျွန်တော့်လည်း
ကြောင့်ကြမကင်းနေပါဘူး...

ကျွန်တော်သူဘေးကထပ်ထွက်သွားမှာ
သူပူပင်သလို ကျွန်တော့်ဘေးကနေ
သူပျောက်သွားမှာ ကျွန်တော်သေလောက်အောင်
ကြောက်ရွံနေမိခဲ့ပြီလေ...

ချစ်ခြင်းကြိုးတွေတုပ်ချည်နှောင်မိခဲ့ရင်
နာကျင်ပူပင်ရသလို ပျော်ရွှင်ရတယ်ဆိုတာ
ကျွန်တော် ချစ်တတ်လာမှ သတိပြုမိခဲ့ပြီ..

ကျွန်တော့် အသက်ကဘာလဲဆို
ကျွန်တော် သတိရလာပြီးနောက်ပိုင်း
ကျွန်တော့်ကုတင်ဘေးကထိုင်ခုံလေးမှာထိုင်ပြီး
ကုတင်ပေါ်ခေါင်းလေးတင် ကျွန်တော့်
လက်ကလေးကိုကိုင်ပြီး နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေတတ်တဲ့ ကျွန်တော့်သိပ်ချစ်ရတဲ့
လပြည့်ဝန်းလေးပေါ့...

ဘဝဇာတ်ခုံပေါ်ခုန်ရင်းကရင်း
ကြီးငွေ့စရာကောင်းလွန်းတဲ့
ကျွန်တော့်ဘဝထဲကို လွန်ခဲ့တဲ့
ခြောက်လလောက်က ဝင်လာခဲ့တဲ့
လပြည့်ဝန်းလေးကြောင့် ကျွန်တော်
လောကကြီးထဲ ရှင်သန်ပြီးရင်း
ရှင်သန်ချင်လာခဲ့ပြီ..

ကျွန်တော့်လူဆိုးလေးက
ကျွန်တော့်နားကို ကော်လိုကပ်နေတဲ့
အချိန်တွေကြောင့် အလုပ်ပျက်
အိပ်ပျက်စားပျက်ဖြစ်နေခဲ့ပြီ...

ကျွန်တော်ဆန္ဒအတိုင်းသာဆို
သူလေးကို သူလေးသဘောအတိုင်း
ကျွန်တော့်အနားမှရှိစေချင်ပေမယ့်
ဘဝကြီးက drama မဆန်လှဘူးလေ...

ခြွေ🍃(chway)Hikayelerin yaşadığı yer. Şimdi keşfedin