Part 7 🍃

675 70 6
                                    

"Kim Taehyung!!!!!!!!! "

Jungkook တစ်ယောက် Taehyung ကို
စားမတက် ဝါးမတက်စိုက်ကြည့်နေပြီ
အသားတွေတဆတ်ဆတ်တုန်နေသည်အထိ
ဒေါသ ထွက်နေပုံ...

Taehyung ဘဝတွင် Jungkook ဒီလောက်
ဒေါသ ထွက်နေခြင်းကို ပထမဆုံး မြင်တွေဖူးခြင်းသာ..

Taehyung လိုချင်ခဲ့သည်မှာလည်း
ထိုအရာပင်...

Jungkook တစ်ယောက် Taehyung
အကွက်ထဲ လှလှပပဝင်သွားခဲ့သည်...

Taehyung လိုချင်နေသည်မှာ..

ပိုင်ဆိုင်ချင်သူလေးကို ရဖို့ကြိုးစားမည်ဆိုလျှင်..

Taehyung တစ်ယောက် Jungkook  နှင့်
ပိုင်ဆိုင်ချင်သူလေးကို မရရအောင် ခွဲထုတ်ပစ်
ရန်သာဖြစ်သည်....

ကံကောင်းစေတယ်ပဲပြောရမလား
Taehyung အတွက် ဝှက်ဖဲတစ်ချက်ကို
ကံကြမ္မာရေးသူက မျက်နှာလိုက်စွာ
ချထားပေးခဲ့သည်...

အခု Taehyung အဲ့ဒီဝှက်ဖဲတစ်ချက်ကိို
လှလှကြီး အသုံးချနေပြီ...

Jungkook နှင့်ပိုင်ဆိုင်ချင်သူလေးတို့
နှစ်ယောက်ကြား drama တွေထဲက
ဗီလိန်တွေလို ကောက်ကျစ်စွာ ဝင်ရောက်
နှောက်ယှက်စရာမလိုပဲ...

ကံကြမ္မာရေးသူ စီစဉ်ပေးသော
ဝှက်ဖဲလေးကို လှပစွာ အသုံးချလိုက်
ရုံပင်..

တစ်သတ်နှင့်တစ်ကိုယ်....
ဖခင်ဖြစ်သူ ဥက္ကဋ္ဌ Kim ကို အခဲမကျေ
မလေးမစား ဖြစ်ခဲ့သော်လည်း
ယခုအချိန်တွင် ဖခင်ဖြစ်သူကို
Taehyung ကျေးဇူးတင်နေမိသည်

Jungkook နှင့် Taehyung
လက်ထက်ကို လက်ထက်ရမည်...

သို့မှသာ တစ်ချက်ခုတ်
နှစ်ချက်ပြတ်
အိမ်ထောင်သည်ဖြစ်သွားသည့်
Jungkook ကို လက်လွတ်ပေးလိုက်ရသည့်
ပိုင်ဆိုင်ချင်သူလေးကိုလည်း နည်မျိုးစုံသုံးပြီး
Taehyung အပိုင်ဖြစ်အောင် လုပ်နိုင်မည်..

Dae sung hotel ကိုလည်းအပိုင်စားရ၍
Dae sung group ရဲ့ Chair man နေရာကိုလည်း
အလွယ်သိမ်းနိုင်မည်...

ကံကောင်းမှုဆိုတာ Taehyung အတွက်
အခုမှ ရရှိနေခဲ့သလို...

လက်ထက်ပြီး တစ်နှစ်လောက်အကြာတွင်
Jungkook နဲ့ကွာရှင်းမည် စီစဉ်ထားခဲ့သည်

ခြွေ🍃(chway)Donde viven las historias. Descúbrelo ahora