Seokjin တစ်ယောက် သူ့ကို
ကူညီပေးလိုက်သော
ကောင်ချောလေး၏ရှေ့တည့်တည့်သို့
ဟန်ချက်ညီစွာထရပ်လျှက်..."ကျေးဇူး bro.. bro သာမကူညီပေးရင်
ကိုယ့်ကတော့ဘာတွေဆက်လုပ်မိမယ်မှန်းမသိဘူး
Thank you"Seokjin တစ်ယောက် ကောင်ချောလေး၏
ပုခုံးကို ခပ်ဖွဖွလေးပုတ်လျှက်
ရင်းနှီးမှုကိုရှာဖွေချင်နေသော သူ့ပုံစံကောင်ချောလေးမှာ မျက်နှာကလေးပြုံးလျှက်သာ
Seokjin ကိုကြည့်နေလေတော့သည်.."ဟိုကွာ...မင်းကကိုယ့်ကိုကူညီပေးလိုက်တာဆိုတော့
ကိုယ်မင်းကိုဒီည တိုက်မယ်ကွာ..
ကိုယ်ဒကာခံမယ် ဆိုပါတော့ ဘယ်လိုလဲ ဘရို""ကျေးဇူးတင်မိမှာပါ...
ဒါပေမယ့် အခု တော့ဒကာမခံပါသေးနဲ့ဦး
ကျွန်တော်မအားသေးလို့ဗျ
အကို နောက်ရက်ဒီ ဖိုချာကိုပြန်လာရင်သေချာပေါက်
ကျွန်တော့်ကိုထပ်တွေ့ပါလိမ့်မယ်
အဲ့ခါကျမှ ကျွန်တော်သောက်သလောက်
ရှင်းပေးပေါ့ဗျာ.."ကောင်ချောလေးက ငြင်းဆန်တာကို
လှလှပပပြုလုပ်သွားသည်...Seokjin အတွက်တော့
ထိုအပြုအမူမျိုးကရင်ကိုပိုလှုပ်ခတ်သွားစေသည်တော့အမှန်...မင်းလေးကိုယုံကြည်မိပြီးကိုယ်ထပ်လာခဲ့ရင်
မင်းကို ကိုယ်တကယ် တွေ့နိုင်ပါဦးမလား
အလှလေးရာ...Seokjin တစ်ယောက်
စကားလမ်းကြောင်းတွေပျောက်လျှက်
ကောင်ချောလေးကိုနားမလည်းစွာကြည့်ရင်း..."ဟာ...အကိုက ကျွန်တော့်ကို
သိပ်မယုံကြည် သလိုပါလားဗျာ...
ကဲ~ကျွန်တော်နဲ့ အရှေ့လိုက်ခဲ့ဗျာ
ကျွန်တော့် coat အင်္ကျီက အရှေ့မှာထားထားလို့
အင်္ကျီထဲက ကျွန်တော့် business card ထုတ်ပေးမယ်
အဲ့ဒါမှ ယုံမယ်မလား""ဟို..အဲ့လိုမဟုတ်.."
Seokjin လက်မောင်းကိုအတင်းဆွဲကိုင်လိုက်သော
လက်ချောင်းသွယ်သွယ် ရှည်ရှည်နုနုလေးတွေ..တွန့်အားမလိုပဲ Seokjin တစ်ယောက်
ကောင်ချောလေး ခေါ်ရာနောက်သို့
အလိုက်သင့်ခြေလှမ်းတွေလှမ်းမိနေသည်....
![](https://img.wattpad.com/cover/293955156-288-k838612.jpg)
YOU ARE READING
ခြွေ🍃(chway)
Fanfictionဘယ်လောက်ပဲရုန်းရုန်း နောက်ဆုံးတော့ ဒီမေတ္တာချည်တိုင်မှာ ကျွန်တော်လာငြိမြဲပါပဲလေ။ ။