ဒီနေ့ဖေဖေဆုံးတာ နှစ်နှစ်ဆယ်ပြည့်နှစ်ပတ်လည်...
စာတစ်သံပေတစ်သံနဲ့ပြောရရင် ဒီနေ့က
ဖေဖေကျွန်တော့်ကိုထားခဲ့တာ
နှစ်နှစ်ဆယ်ပြည့်လေ...ဒီလိုနေ့မျိုးဆို ကျွန်တော်
တမှိုင်မှိုင်တတွေတွေရှိနေတတ်သည်..ဒီနေ့က ပိုဆိုးနေသည်...
Jeon နဲ့ကျွန်တော် အနေဝေးနေသည်ဟူသော
ခံစားချက်ကြောင့်..ထိုနေ့ကပြဿနာ ဖြစ်ပြီးကတည်းကပင်...
Night duty အကြောင်းပြပြီး
ကျွန်တော့်ဆီပြန်မလာတာ တစ်ပတ်နီးပါး
ရှိနေခဲ့ပြီလေ..အော် Jeon ရယ် ဘာကြောင့်များလဲ..
ဖေဖေနှစ်ပတ်လည်နေ့မှာလည်း
ဖေဖေပေးခဲ့တဲ့ ဆွဲကြိုးလေးပျောက်သွားခဲ့ကြောင်း
ဝန်ချတောင်းပန်ရဦးမည်အဆောက်အအုံပြိုတဲ့နေ့က
ကျွန်တော် အသက်စွန့်ပြီး အဲ့ဒီလည်ဆွဲလေးကို
ပြန်ရယူနိုင်သည်ထိသိလိုက်ပေမယ့်
ကျွန်တော်သတိလည်လာချိန်မှာ
ရှာမရတော့ပေ..Jeon များယူသိမ်းထားမိသလား
မေးရန်ဟန်ပြင်တိုင်း အကြောင်းတစ်စုံတရာပေါ်ပေါ်လာ၍
မမေးမိခဲ့ရပေ...ကျွန်တော့်ရဲ့ဒေါက်တာလေးက
အခုကျွန်တော့်အပေါ်ကောက်ကွေးလေး
လုပ်ပြနေပြန်ပြီ...ဒီတစ်ခါတော့ ကျွန်တော့်ဘက်က
လျှော့ပေးဖို့လမ်းသာပြင်ရတော့မည်...ကျွန်တော့်ဘဝထဲသူဝင်လာကတည်းက
သူနဲ့ကျွန်တော် နှစ်ယောက်တစ်ကမ္ဘာဖြစ်လာခဲ့ပြီ...သူ့ရဲ့မိသားစုကျွန်တော်ဖြစ်သလို
ကျွန်တော့်မိသားစုကလည်း သူတစ်ယောက်ထဲပင်သူ့ကိုစချစ်မိချိန်က သူ့ဘဝလေးက
ဘယ်သူနဲ့ဆက်နွယ်နေတယ်ဆိုတာကို
နားမလည်မိခဲ့ပေမယ့် သူတစ်ပါးလက်ခုပ်ထဲက
ရေလိုဖြစ်နေခဲ့တဲ့သူ့ဘဝလေးကိုနားလည်မိခဲ့ချိန်မှာ
ကျွန်တော်နှလုံးသားတစ်စုံနှင့်သူ့ကို
ကာကွယ်ပေးဖို့ဖန်ရွယ်ထားခဲ့ပြီ..ကျွန်တော့်ရင်ဘတ်ထဲကနှလုံးသားတစ်စုံက
အရမ်းကြီးတော့မကြံ့ခိုင်ပေမယ့်
Jeon ကိုကာကွယ်နိုင်ဖို့လောက်ကိုတော့
အရမ်းကိုလုံလောက်လွန်းပါတယ်
![](https://img.wattpad.com/cover/293955156-288-k838612.jpg)
YOU ARE READING
ခြွေ🍃(chway)
Fanfictionဘယ်လောက်ပဲရုန်းရုန်း နောက်ဆုံးတော့ ဒီမေတ္တာချည်တိုင်မှာ ကျွန်တော်လာငြိမြဲပါပဲလေ။ ။