part 9🍃

660 68 10
                                    

ကျွန်တော် လပြည့်ဝန်းလေး
ကားပေါ်တွင် လပြည့်ဝန်းလေး၏
ညှို့ချက်တွေကြား မျှောပါနေပြီဖြစ်သော်လည်း
အလုပ်ချိန်ဖြစ်၍ ပြာယာခတ်စွာ လပြည့်ဝန်းလေး၏
ဆွဲငင်အားများကြားမှ မရုန်းထွက်ချင်သော်လည်း
မရမက ရုန်းထွက်ပြေးဖို့ ကားပေါ်မှ
ဆင်းပြေးခဲ့ရသည်...

ကျွန်တော်သူ့အကြည့်တွေ
သူ့ညှို့ချက်တွေအောက်မှာ
အခါတစ်ရာ မဟုတ်ဘူး
အခါတစ်ထောင်မက လဲပြိုကျနေခဲ့ပါပြီ

ဒါကျွန်တော့်ရဲ့ တစ်ကိုယ်တည်း
ဖွင့်ဟဝန်ခံချက်တစ်ခုပါ....

ခနအကြာ သူ့ကားလေးက
ကျွန်တော့် site ရှေ့မှ ညင်သာစွာ
မောင်းထွက်သွားတာကို ကျွန်တော်
တွေ့လိုက်တော့သည်..

လပြည့်ဝန်းလေးက
ပိုချစ်တတ်လာလို့လားတော့မသိ
ကျွန်တော့်ကို သဝန်အထပ်ထပ်တိုနေပြန်ပြီ..

သူသဝန်တိုပြလေ
ကျွန်တော်လည်း သူ့အပေါ်
အချစ်တွေပိုတိုးလာလေဖြစ်နေပြီ....

ကြိုမသိနိုင်တဲ့အနာဂတ်တစ်ခုမှာ
မတော်တဆ မင်းနဲ့အကြောင်းတစ်ခုမတိုက်ဆိုင်လို့
လမ်းခွဲရတော့မယ့် အကြောင်းအရာက
အကယ်၍ တကယ့်ကို အကယ်၍
ပေါ်လာခဲ့ရင်
မင်းရော ကိုယ်ရော ခံနိုင်ရည်ရှိပါ့မလား
လပြည့်ဝန်းလေးရာ...

အဲဒီနေ့က ကိုယ့်အတွက်
အိမ်မက်ဆိုးကြီး ပြန်ဖြစ်သွားတော့မှာပါ

လက်ထက်ချင်တာပေါ့
မင်းကိုယ့်ကို ပိုင်ဆိုင်ချင်တာထက်
အဆပေါင်းများစွာ ကိုယ်မင်းကို
ပိုင်ဆိုင်ချင်တာပေါ့...

သို့ပေမဲ့ အချစ်တစ်ခုတည်းနဲ့
အရာရာတိုင်းကို တည်ဆောက်လို့မရဘူးလေ...

ချစ်တိုင်း လောကဓံဆိုတဲ့အရာကို
အချစ်တစ်ခုတည်းနဲ့ ဖြေရှင်းလို့မမရတာ...

ကျွန်တော်ရင်ထဲနွေးပြီး
အတွေးတစ်ချို့ကို မစဥ်းစားသင့်ပဲ
တွေးတောနေခိုက်...

"ကလင် ကလင် ကလင်"

"ဟဲလို...ဌာနမှုး"

"........."

"ကျွန်တော်တာဝန်မယူထားတဲ့
Site ကို ဘာလို့သွားကြည့်ရမှာလဲ"

ခြွေ🍃(chway)Où les histoires vivent. Découvrez maintenant