Unicode
"Run..မာရီ run...."
Kingdomကြီးပြိုကျနေပုံကိုကလေးငယ်တစ်ယောက်မမှိတ်မသုန်စိုက်ကြည့်လို့နေသည်။ပြေးလွှားနေကြသူများ၊ကလေးငယ်များအော်ဟစ်ငိုယိုနေကြသူများနှင့် စွမ်းအားတွေသုံးကာအပြင်းအထန်ခုခံနေကြသူများကလော်ရီ့ကိုအန္တရာယ်ထဲကနေထွက်ဖို့ပြောနေသည်။
သူ၏အမေမာရီခွန်ဒါကိုအဖေဖြစ်သူ ခွန်ဒါရစ်မှအမိန့်ပေးနေသံကိုလော်ရီအတိုင်းသာကြားနေရပါသည်။သို့သော်သူဘယ်မှမပြေးချင်ပါ။Kingdomကြီးပြိုလဲနေပုံကအရမ်းကိုလှပလွန်းလှသည်။
"Come on honey we need to run..."
မာရီခွန်ဒါကလော်ရီငယ်လေးကိုကြိုးစားနှစ်သိမ့်ရင်းအဝေးသို့ခေါ်သွားရရှာသည်။နောက်သို့တကြည့်ကြည့်နှင့်နေသည့်ကြားကဆွဲခေါ်သွားသောသူ၏အမေကိုထိုအချိန်ကလော်ရီအလွန်စိတ်ဆိုးမိပါ၏။သူအလှအပကိုကမ်းကုန်အောင်ခံစားချင်သေးသည်။
သို့သော်လုံးဝအမှောင်ကျမသွားခင်မြင်လိုက်ရသောထောင်ပေါင်းများစွာသောနတ်ဘုရားများကျဆုံးပုံကိုမြင်ရသည်လောက် လှပသည့်အရာတော့မရှိပါ။
သို့သော်..သို့သော်သူ၏မိဘနှစ်ဦးထိုအမှောင်ထုထဲသူတို့နှင့်အတူမျောကာပါသွားသည်လောက်တော့မနာကျင်ရဖူးပါ။
ထိုနေ့ကစ၍လော်ရီပြေးနေမိသည်။
မရပ်မနားခြေကုန်လက်ပန်းကျသည်အထိ ထိုအမှောင်ထုကြီးဆီမှအဝေးသို့ပြေးနေမိခဲ့လေသည်။တီ..တီ။တီ..တီ။
"အား.."
လော်ရီ alarm ကိုထပိတ်လိုက်ရင်း ချက်ချင်းထကာညည်းညူလိုက်သည်။ဝတ်ထားသည့်အင်္ကျီတွေကိုတစ်ချက်ဆွဲဖွလိုက်ရင်းairconကိုမော့ကြည့်လိုက်သည်။အပူချိန်ညှိထားပေမယ့်နွေရာသီဖြစ်သည်ကြောင့်လိုတာထက်ပိုပူနေလေသည်။
Rangoon၏နွေကဆိုးသည်ဆိုတာကတော့အမှန်ပင်။လော်ရီစောင်ကိုခြေထောက်ဖြင့်နှစ်ချက်မျှဆင့်ကန်လိုက်ရင်းအိပ်ရာပေါ်ကဆင်းလာခဲ့သည်။ရေချိုးကန်ထဲသို့ကုန်းကုန်းကွကွနှင့်သွားလိုက်ပြီး ဘေစင်ကိုမှီရန်ကြိုးစားထရသည်မှာ အလွန်ပင်ပန်းလှသောအလုပ်တစ်ရပ်ဖြစ်သည်။
YOU ARE READING
T h e H e l l D i v i n e♡︎
Science FictionSometimes even 'Divine' can be a pure evilness. [This Fiction is all in 'Aeinthrazi's Imagination Universe' So don't you dare aimed at me]