Unicode
ကျောင်းတစ်ကျောင်းလုံးကြားအောင် အော်လိုက်သည့်ကောင်မလေးသည်သိပ္ပံအခန်းထဲကဖြစ်သည်တဲ့။တစ်ကျောင်းလုံး၏ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများလာကာကြည့်ကြတော့ သူမကမြေပြင်ပေါ်တွင်ရုပ်ပျက်ဆင်းပျက်ဖြင့်လဲကျနေသည်။
ဘာဖြစ်တာလဲလို့မေးနေကြတဲ့ဆရာမတွေကိုသူမက 'ကမ္ဘာပျက်တော့မယ်' ဟုသာ မျက်စိကြောင်ကြောင်နှင့်ရေရွတ်ပြနေသည်ဟုဆိုသည်။လော်ရီမျက်မှောင်တွေကိုကြုံ့ကာသူမကိုစိုက်ကြည့်လိုက်သည်။နှလုံးခုန်နှုန်းကထိတ်လန့်မှုတစ်ခုကိုကြုံထားရသည်ထင်၏။ကျန်တဲ့လက္ခဏာတွေကတော့အဆင်ပြေသည်။
လော်ရီလူကြားထဲသို့တိုးဝေ့သွားလိုက်ပြီး ဆရာမတွေထိုင်နေသည့်နားတစ်နည်းအားဖြင့်သူမနားတွင်ထိုင်ချလိုက်သည်။ကျောင်းသားအချို့တွေကတော့ဆူညံကာတီးတိုးပြောနေကြပြီးတစ်ချို့ကတိတ်တဆိတ်ကြည့်ကြသည်။ဆရာမကအံ့ဩစွာကြည့်လာသည်။
"ဒီကကျောင်းသား သူနဲ့သိလို့လား"
"မဟုတ်ပါဘူး ကျွန်တော် တစ်ချက်စစ်ပေးနိုင်လို့ ခွင့်ပြုရင်ပြောတာ"
ဆရာမကတုံ့ဆိုင်းဟန်ပြုပြီးပြီးမှခေါင်းကိုအသာအယာငြိမ့်ပြသည်။လော်ရီသူမမျက်လုံးနှစ်လုံးရှေ့သို့လက်ဖျောက်ပုံသဏ္ဍာန်အနေအထားလုပ်လိုက်သည်။အားလုံးက လော်ရီဘာလုပ်မှာလဲကိုစိတ်ဝင်တစားကြည့်နေကြသည်။
ဖျောက်။
"အမ် အမ် အာ"
ကျောင်းသူလေး၏မျက်စိတွေပြန်လည်ကာအသက်ဝင်လာပြီးဘေးသို့စောင်းကြည့်လာသည်။ကျောင်းသားအချို့ကလက်ခုပ်တွေတီးကြပြီးတချို့ကဒါတော့ငါတောင်လုပ်တတ်တယ်ဟုတီးတိုးဆိုကြသည်။ဆရာမကကျောင်းသူကိုရေပြေးတိုက်လိုက်ပြီးအမောဖြေစေသည်။လော်ရီ သူ၏အလုပ်မပြီးသေး။
"မင်းဘာဖြစ်သွားတာလဲ"
ကျောင်းသူကလော်ရီ့ကိုစူးကာကြည့်လာသည်။
"ငါပြောရင်ယုံမှမဟုတ်ဘူး"
"try me"
"..."
![](https://img.wattpad.com/cover/300825184-288-k194684.jpg)
YOU ARE READING
T h e H e l l D i v i n e♡︎
Science FictionSometimes even 'Divine' can be a pure evilness. [This Fiction is all in 'Aeinthrazi's Imagination Universe' So don't you dare aimed at me]