Part 13

99 17 0
                                    

Unicode

"it's all your fault"

"are you blaming me for losing Innis it's your fault too wea**l"

"you dare call me that you little bi**ch"

နားပြီးကတည်းကရန်ဖြစ်နေကြသောသူတွေကိုမောနေသူတွေကောကျန်တဲ့သူတွေပါမတားနိုင်တော့။ကူတိုက်လို့ရပါရဲ့သားနှင့်မတိုက်လို့တဲ့။တကယ်တမ်းပြောရလျှင် သူတို့ဆုံးဖြန်ချက်ကမှန်သည်။သူတို့မှာကလေးတွေကော၊လူကြီးအိုမတွေပါကာကွယ်ဖို့ရှိသေးသည်။ဒီတိုင်းကြီးရပ်တိုက်နေလို့မဖြစ်လေ။

လော်ရီငူငူငိုင်ငိုင်သာထိုင်ချလိုက်သည်။ဩဂတ်စ်ကကျောလေးကိုပုတ်ကာနှစ်သိမ့်ရှာသေးသည်။လူးမီးယက်စ်တို့ကသူတို့ဘာသာသူတို့တစ်ခုခုကိုကြိတ်စီစဉ်ပုံရပြီး ထိုထဲတွင်ဘတ်သနီပါပါဝင်ပုံရသည်။သို့သော်လော်ရီအခုဒါတွေကိုဂရုမစိုက်နိုင်။အင်းနစ်ကိုဆုံးရှုံးလိုက်ရသည်ကိုပဲသိ၏။

"USကဗုံးစကြဲတော့မယ်လော်ရီ"

"ဘာရယ်"

လော်ရီနားနေရာမှဘတ်သနီ၏အသံကြောင့်ခေါင်းထောင်လို့လာသည်။မစောလွန်းဘူးလား။ဟိုတစ်ခါပြောတော့။

"အင်းအချိန်ရွေ့လိုက်ပြီ"

"ဒါဆို.."

"ငါတို့လူခွဲပို့ဖို့လိုတယ်အရင်ဆုံးတစ်ဖွဲ့ကိုအရင်ပြီးအောင်ပို့ကြရအောင်"

"okလေ နင်စီစဉ်လိုက်တော့.."

"အင်း နင်မေးလီးစ်တို့တစ်ချက်သွားစကားပြောကြည့်လိုက်အုန်း"

ဘတ်သနီကထိုသို့ပြောကာထွက်သွားသည်။ဩဂတ်စ်လဲထိုင်နေရာမှာမရှိတော့ဘဲ လူးမီးယက်စ်တို့ထံရောက်လို့နေသည်။လော်ရီမထူးပါဘဲထကာလူးမီးယက်စ်နားသို့သွားလိုက်သည်။အနားရောက်တော့ဩဂတ်စ်ပုံစံကစိတ်မချမ်းမသာ။မေးလီးစ်ကထုံစံအတိုင်းဘုန်းကြီးလူထွက်ဖြစ်နေပြီး လူးမီးယက်စ်ကတော့အနည်းငယ်ဖော်ရွေပုံရသည်။

"လော်ရီ.."

"အရမ်းအန္တရာယ်ကြီးတယ် လူးမီးယက်စ် ခင်ဗျားလုပ်ရဲလုပ်ကြည့် ကျုပ်ခင်ဗျားကိုသတ်ပစ်မယ်"

ဩဂတ်စ်ကထိုသို့ပြောကာလော်ရီ့ကိုစောင်းငဲ့ကြည့်ပြီးထွက်လို့သွားသည်။လူးမီးယက်စ်ကသက်ပြင်းချသည်။မေးလီးစ်ကတော့တကယ်ပင်သူ့ကိုကြည်ပုံမပေါ်။

T h e H e l l D i v i n e♡︎Where stories live. Discover now