Part 8

147 22 0
                                    

Unicode

လော်ရီလဲကျနေရာမှ ဩဂတ်စ်အားမော့ကြည့်ရင်းခပ်ရွဲ့ရွဲ့ပြန်ကာဖြေလိုက်သည်။ထို့နောက်တစ်ဖန်ပြန်ကာထလိုက်ပြီးနှစ်ယောက်ဘေးချင်းယှဉ်ရပ်လိုက်သည်။ရှေ့၌အုပ်စုလိုက်ယိုင်တိယိုင်တိုင်ကောင်များကိုနှစ်ယောက်လုံးကြည့်လိုက်သည်။

ဩဂတ်စ်ကဒီဘက်လှည့်ပြီး လော်ရီ့အားမျက်ခုံးပင့်ပြလိုက်သည်။လော်ရီ နှုတ်ခမ်းအားမဲ့ကာပြလိုက်သည်။ထို့နောက် . .

"Ha!"

လော်ရီသူ၏လှံတံအားအားဖြည့်လိုက်ကာစတင်တိုက်ခိုက်လိုက်သည်။ဩဂတ်စ်ကသူ၏လက်မှသူ့စွမ်းအင်နှင့်ပြုလုပ်ထားတဲ့အနီရင့်ရောင်လှံအသေးစားလေးနှင့်တိုက်ခိုက်သည်။တစ်ဖက်ကအရှိန်ကိုပိုမြှင့်ပေးပြီးတစ်ဖက်ကလှိမ့်ကာဖြင့်တိုက်ခတ်သည်။ဘေးနားခန့်သွေးကစိတ်ချရတဲ့တစ်နေရာတွင်စောင့်ကာကြည့်လို့နေပြီး အင်းနစ်အား နှိုးနေပေသည်။

အင်းနစ်ကအပျက်အစီးတွေတော်တော်ထိထားပုံရသည်။ဒါကြောင့် သတိမလည်လာသေးတာဖြစ်သည်။ခန့်သွေး နှိုးနေရင်းမှတစ်ဖန်ထိုနှစ်ယောက်အားမော့ကြည့်လိုက်သည်။တိုက်ခိုက်နေသည့်ပုံမှာ ရက်စက်လှပြီး .. Damn f***ing Cool yes!!ချချ။

"ဩဂတ်စ်.."

"ဟ့"

လော်ရီအကောင်ကြီး၏ဂုတ်ပေါ်တက်ကာလည်ပင်းကိုလှန်ပေးရင်းဩဂတ်စ်အားအော်ကာခေါ်လိုက်သည်။ဩဂတ်စ်ကတိုက်ခိုက်နေရာမှလော်ရီတက်စီးကာပင့်လှန်ထားသောလည်ပင်းနေရာသို့လှနှင့်ဖြတ်ခနဲဖြတ်ချပေးလိုက်သည်။

အား....။ဝေါင်း။

လော်ရီအကောင်ကြီးပေါ်ကနေခုန်ဆင်းလိုက်ပြီး နောက်တစ်ကောင်ပေါ်တက်ကာအဝေးသို့ကြည့်လိုက်သည်။လူအရိပ်အခြေတစ်ခုမြင်လိုက်သလားလို့လေ။သို့သော် ကြာကြာမကြည့်နိုင်ခင်ဘဲအကောင်ကြီးကလော်ရီ့အားအောက်သို့ဆွဲချကာသူ၏ဗိုက်မှဟာထွက်လာတဲ့ဟာကြီးနှင့်လော်ရီ့အားစားရန်ကြံစည်သည်။လော်ရီနှာခေါင်းရှုံ့လိုက်သည်။

"Eww.."

လော်ရီပြန်ခုခံရန်လုပ်နေချိန်အနောက်ကနေ သံချောင်းတစ်ချောင်းနှင့်အကောင်ကြီး၏လည်ဂုတ်တည့်တည့်အားစိုက်ကာထိုးချခံလိုက်ရသည်လော်ရီ့မျက်နှာပေါ်သို့ထိုအကောင်းကြီး၏သွေးတွေစင်သွားသည်။

T h e H e l l D i v i n e♡︎Onde histórias criam vida. Descubra agora