Part 5

150 24 0
                                    

Unicode

Decades Before Kingdom Fallen . .

Kingdom၏လက်ရှိအခြေအနေမှာအလွန်ငြိမ်သက်လို့နေသည်။တရားစီရင်ရေး ခန်းမအတွင်းရှိဧကရာဇ်နှင့်နတ်ဘုရားအပေါင်းတို့သည်ရှေ့ရှိတရားသေကိုမျက်စိရှင်ရှင်ဖြင့်စောင့်ကြည့်နေလေသည်။လက်ထိပ်နှစ်ဖက်ကိုထိုသူ့လက်ထဲတွင်ခတ်ထားပါသော်ငြားအမည်မသိခံစားချက်တချို့ကထိုသူသာအလိုရှိလျှင်ချက်ချင်းဖြည်နိုင်ကြောင်းအသိပေးနေလေသည်။

ဧကရာဇ်ယူနိုင်းရာပလ္လင်အထက်တွင်သူ၏မိုးကြိုးလက်နက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားကာရှေ့ကမထီတရီပြုံးနေသောအပြုံးပိုင်ရှင်အားစိုက်ကြည့်နေလေသည်။နတ်ဘုရားအပေါင်းတို့ဟာဧကရာဇ်၏အမိန့်ကိုစောင့်စိုင်းနေကြသည်ဖြစ်ပြီးထိုအမိန့်ဟာလဲသူတို့အားစိတ်ကျေနပ်စေသောအရာဖြစ်ရန်မျှော်လင့်နေကြသည်။

ဧကရာဇ်ယူနိုင်းရာခေါင်းကိုမော့ကာသက်ပြင်းချလိုက်သည်။ထို့နောက်ဘေးနားကအစောင့်တပ်သားနှစ်ယောက်ကိုမေးငေါ့ပြလိုက်ပြီးခေါင်းငြိမ့်ပြလိုက်သည်။ထိုအခါအစောင့်သားများသည်ဧကရာဇ်၏မိုးကြိုးလက်နက်အားဂရုတစိုက်တရိုတသေကိုင်ယူ၍သူတို့ကိုင်နိုင်သောအရွယ်အစားကိုပြောင်းလိုက်ပြီးလျှင်တရားခံအားပြစ်ဒဏ်ပေးရန်လက်တစ်ဖက်တစ်ချက်ဆီ၌ ကြိုးတွေကိုချည်နှောင်လိုက်သည်။

တရားခံသည်သူ၏တွဲလောင်းကျနေသောဆံပင်ရှည်များကိုတစ်ချက်လေနှင့်မှုတ်ကာသပ်လိုက်ပြီးသူ့အားလာချိတ်သော သံခက်တို့ကိုလိုလိုလားလားချိတ်ခွင့်ပေးနေသည်။ထိုအကျဉ်းသားသည်အရပ်ရှည်ရှည်၊ဗလတောင့်တောင့်နှင့်မထီတရီအပြုံးကိုပြုံးတတ်သူဖြစ်ပြီးသူသည် Spirit Worldတွင်အလိုအရှိဆုံး Criminal တစ်ယောက်ဖြစ်သည်။နာမည်မှာဖိန်းဒီတီနက်ဟုအမည်တွင်ပြီးသူသည်Earthကိုလူသားများအားနေရာပေးလိုက်ကာSpirit World ဟုခွဲထွက်ချိန်ကာကတည်းကတည်ရှိနေသောသူဖြစ်သည်။

လွန်ခဲ့သောနှစ်သန်းပေါင်းများစွာကစကြာဝဋ္ဌာကြီးမှာဘာမှမရှိသောဟင်းလင်းပြင်ကြီးသက်သက်သာဖြစ်လေသည်။ထို့နောက်တွင် 'Boom' ဆိုပြီး စုအားတစ်စုကနေပေါက်ကွဲထွက်သွားသောအရှိန်ဟာဤအနန္တစကြာဝဋ္ဌာကြီးကိုဖြစ်စေခဲ့ပြီးထိုအရာနှင့်အတူဂြိုဟ်တွေ၊ဂလက်စီတွေ၊နဂါးငွေ့တန်းတွေအစရှိတဲ့အရာတွေအတူတကွပေါ်ပေါက်လာခဲ့လေသည်။

T h e H e l l D i v i n e♡︎Where stories live. Discover now