Part 10

139 21 0
                                    

Unicode

အများစုကတော့မထင်ထားတာတွေချည်းပါပဲ။
ဘယ်လိုပြောရမလဲ။လူတွေထင်ထားသလို ဘယ်တုန်းကမှဖြစ်လာဖို့ကံမပါလာဖူးထင်ပါ့။တစ်ခါတစ်လေတစ်ချို့အရာတွေဟာ Beyond Imagination တွေလေ။ကျွန်တော့်လိုနတ်ဘုရားတစ်ယောက်အတွက်တော့ဒီစကားဟာတော်တော့်ကိုထူးခြားပါတယ်။လူတွေအမြင်မှာနတ်ဘုရားဆိုတာအရာအားလုံးကိုလုပ်နိုင်စွမ်းရှိသူတွေမဟုတ်လား။

တကယ်တမ်းတော့ကျွန်တော်တို့တွေဟာလည်းသာမာန်လူသားတွေလိုပါပဲ။စွမ်းအင်အချို့နဲ့လုပ်နိုင်ကိုင်နိုင်ရည်အချို့ကိုလက်ဆောင်ရထားတာကလွဲလို့ကျွန်တော်တို့မှာအားလုံးကိုကယ်နိုင်စွမ်းဖန်တီးနိုင်စွမ်းမရှိဘူး။ဘယ်လိုပဲဖြစ်ဖြစ်ဒီအခြေအနေကိုဆိုက်ရောက်လာကြတော့ကျွန်တော်တို့တွေလည်းသူတို့တွေလိုရုန်းကန်ကြရတာပဲလို့သူတို့သိလာတယ်လေ။

ဘုရားတကြလို့မရတော့ဘူးဆိုတာ တကယ့်အမှန်တရားဗျ။လူတိုင်းကဘယ်အရာကိုကိုးကွယ်ဆည်းကပ်လို့လိုချင်တာရမသွားပါဘူး။ယုံကြည်လို့တော့ရတယ်။ရိုသေလို့လဲရတယ်။လေးစားလို့လဲရသေးတယ်။သို့ပေတည်းပုံချလိုက်လို့တော့မရဘူးပေါ့။

ချွင်း။ဇွပ်။

လော်ရီလက်ဆီပြန်လာတဲ့ Boomerangကိုလော်ရီခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။သွေးစတွေစီးကျနေသည့်Boomerangအားအနည်းငယ်ခါချရင်းအိပ်ထဲသို့ထည့်ကာသိမ်းလိုက်သည်။ဘေးနားက puppets တစ်ချို့ခေတ္တမျှမလှုပ်ရှားနိုင်ဖြစ်နေပြီး လော်ရီတို့နှင့်ပါလာတဲ့လူတစ်ချို့မုန့်ထုပ်တွေကိုအိတ်ထဲတွေထိုးထည့်နေကြသည်။

"တော်ရုံပဲယူ..အဓိကစိုက်ဖို့အတွက်ယူ မြေဩဇာကောင်းကောင်းတွေယူခဲ့ ငါတို့ဟိုမှာကြည့်စီစဉ်ရအုန်းမယ်"

"ဆရာ ဒီကောင်ကစိုက်ပျိုးရေးသင်ဖူးတယ်တဲ့"

​ကောင်လေးတစ်ယောက်ကအူကြောင်ကြောင်ကောင်လေးတစ်ယောက်လက်အားမြှောက်ပြရင်းလော်ရီ့အားလှမ်းအော်ကာပြောနေသည်။လော်ရီခေတ္တမျှကောင်လေးကိုစိုက်ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

T h e H e l l D i v i n e♡︎Where stories live. Discover now