Valentine day❤️(one shot)

1.3K 158 13
                                    

Unicode&Zawgyi

"Jungkook"

"Jeon Jungkook!!"

"ဗျာ အမေ"

"ဒီကိုခဏလာခဲ့စမ်း"

"ခဏလေးအမေ ကျွန်တော်ဒီတစ်ပွဲဆော့ပြီးရင်လာမယ်နော်"

အိမ်ရှေ့တွင်ဂိမ်းဆော့နေသောJungkookကိုမီးဖိုခန်းထဲမှအမေလှမ်းခေါ်နေသော်လည်းပြန်လှည့်မ ကြည့်နိုင်ဘဲဂိမ်းဆော့ရင်းသာလှမ်းပြောလိုက်သည်။

"အား !!!"

ဂိမ်းကိုအားကြိုးမာန်တက်ဆော့နေချိန်တွင်နားရွက်ကိုလာလိမ်ဆွဲလိုက်သောအမေ

"အမေလွှတ်ပါအုံးနာတယ် အား!!"

"နင့်အဲ့ဖုန်းကိုအရင်ချလိုက်စမ်း"

"အ.. အား ချလို့မရဘူးလေအမေရဲ့ ရှုံးသွားလိမ့်မယ်"

"မချချင်အုံး... ကဲဟယ်!!"

စောနကထက်ပင်အားပိုသုံး၍ဆွဲလိုက်၍Jungkookလက်ထဲမှဖုန်းကိုအမြန်ပင်လွှတ်ချလိုက်ရသည်။

အခုမှJungkookနားရွက်ကိုဆွဲထားသောလက်
ကိုပြန်လွှတ်ပေးလိုက်သောမာတာမိခင်

"နာလိုက်တာအမေရယ် ကျွတ်...ကျွတ် တစ်ဦးတည်းသောသားလေးကိုအဲ့လောက်ထိလုပ်စရာလိုလို့လား"

အမေ့ဆွဲလိမ်ထားသောနားရွက်လေးကိုတစ်ချက်ကိုင်ကာ ညီးညူး၍ပြောလိုက်သည်။

"လုပ်သင့်ရင်လုပ်ရမှာဘဲလေ သားလေးတစ်ယောက်မွေးမိပါတယ် တစ်ချက်မှလက်ကြောကိုမတင်းဘူး တစ်နေ့တစ်နေ့အဲ့အရည်မရအဖတ်မရဂိမ်းဘဲထိုင်ဆော့နေတယ် ..."

"သွား...ဈေးထဲကဆိုင်မှာမုန်လာဥနီထုတ်ကျန်ခဲ့လို့အခုသွားယူလာခဲ့"

"ဟုတ်"

ဂိမ်းရှုံးသွား၍ဘာမှလုပ်ချင်စိတ်လည်းမရှိတော့၍ဆူပုတ်၍သာအမေ့ခိုင်းသောအလုပ်ကိုလုပ်ပေးရန်ဆုံးဖြတ်လိုက်သည်။
မလုပ်ပေးလို့လဲမဖြစ်...ဒီတစ်ခါနားရွက်မဟုတ်ဘဲဗိုက်ခေါက်ဖြစ်နေအုံးမယ်။အမေဟာ‌လေ
ဗိုက်ခေါက်လိမ်ဆွဲတာတို့၊နားရွက်လိမ်ဆွဲတာတို့ဆို ဘယ်ကနေများသင်ထားလဲမသိ လူကိုပူထူသွားတာဘဲ...။ဒါJungkookတစ်ယောက်ထဲခံရတာတော့မဟုတ် အဖေလည်းအမေရဲ့လက်သံပြောင်မူကိုနေတိုင်းခံနေရတာဖြစ်သည်။

Valentine day❤️(One Shot)Where stories live. Discover now