(Unicode)
Pov: ဖြောက်,ဖြောက်,ဖြောက်, သူမပြေးနေတုန်း မြို့ကျောက်ခင်းလမ်းပေါ်ကို မိုးရွာသွန်းနေတယ်။သူမရဲ့ခန္ဓာကိုယ်က အရမ်းအားနည်းနေပြီး အသက်က ၅နှစ်သာ ရှိသေးတယ်။သူတစ်ချိန်ကလေးစားချစ်မြတ်နိုးရတဲ့ ဖခင်မှာ အခြားတစ်ဖက်ခြမ်းရှိတယ်ဆိုတာ သိလိုက်ရကတည်းက သူမပြေးနေခဲ့တာ အချိန်အားဖြင့် ၂နာရီလောက်ရှိရောပေါ့။
လွန်ခဲ့တဲ့၂နှစ်သူမရဲ့အမေ ပျောက်ဆုံးသွားတော့ သူကဒီလိုမျိုးပြောင်းလဲလာတာပဲ။
သူမတွေးနေတုန်း သူမရဲ့အဖေက သူမနဲ့ တဖြည်းဖြည်းနီးလာတယ်။
သူမလမ်းကြိုလမ်းကြားထဲပြေးနေရင်း အသက်ကိုပြင်းပြင်းရှုနေရတယ်။
လူတွေက ကိုယ့်အလုပ်ကိုယ်လုပ်နေကြပြီး ဘေးကရပ်ကြည့်နေကြတယ်။
သူမအရမ်းမောနေပေမယ့် ဆက်ပြေးနေတုန်းပဲ။
သူမအနောက်ကိုလှည့်ကြည့်လိုက်တော့ အဖေ့ကိုမတွေ့ရတော့ဘူး။
သူမဘေးပတ်လည်ကိုလှည့်ကြည့်လိုက်တော့ အဖေက ခြေလှမ်း၂၀လောက်ပဲဝေးတော့တယ်။
သူမတံတွေးမျိုချလိုက်တယ်။
မီးပွိုင့်အနီရောင်ပြောင်းသွားတော့ လူအုပ်ကြီးကလမ်းစလျှောက်တယ်။
သူမလူအုပ်စုနဲ့ရောလိုက်ပြီး ယောကျာ်းပီသအရပ်မြှင့်တဲ့လူတစ်ယောက်နောက်ကပ်လိုက်သွားတယ်။သူမအမေသေဆုံးမှုကသူမရဲ့ရွေးချယ်မှုဖြစ်တဲ့အတွက် သူမဘာမှမပြောခဲ့ပါဘူး။သူမ ကပ်လိုက်နေသောလူကြီးကို စိတ်အနှောက်အယှက်မဖြစ်စေဘဲ တိုးတိတ်စွာ လျှောက်ခဲ့တယ်။သူအဖေက ပိုပြီးနီးကပ်လာပြီ။
သူမ ဘေးကလူကိုကြည့်လိုက်တယ်။
ထိုလူကြီးကလည်း သိလိူစိတ်နဲ့သူမကိုကြည့်နေတာကို တွေ့လိုက်ရတယ်။ ထိုလူကြီး၏ မျက်လုံးနှင့်ဆုံမိပြီးနောက် သူမအဝေးကို အလျင်အမြန်ပြေးသွားလိုက်တယ်။
သူမ ငယ်သေးတာကြောင့် ခြံစည်းရိုးတွေကြားလဲကျခဲ့ပြီး လမ်းကြိုလမ်းကြားတွေထဲ ပုန်းနေခဲ့တယ်။သူမအဖေလိုက်လာမလာ ကိုလည်းသေချာအောင် ကြည့်လိုက်တယ်။

YOU ARE READING
Addopted by the Billionaire(Mm Translation)
RandomI'm not own this story. I'm just a translator. Credits to original author. By the way she's so kind. https://www.wattpad.com/story/223853148?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=PhyuSin809...