Unicode
Antonio's POV:
"ကောင်းပြီ Florence။ ဒါက သူမအပေါ် Henryလုပ်ခဲ့တဲ့ ညှဉ်းပန်းနှိပ်ဆက်မှုကနေ လွတ်မြောက်စေနိုင်တဲ့ နည်းလမ်းမဟုတ်ဘူး။" ငါပြောလိုက်တယ်။
"တကယ်လား? ဒါက ငါပထမဆုံးကြားဖူးတာပဲ။ ဒီအကြောင်းဘယ်သူကမှ ငါ့ကို မတင်ပြကြဘူး။" Florenceပြောတယ်။
"ဟုတ်တယ်...လူမှုဝန်ထမ်းတစ်ယောက်အနေနဲ့ ပတ်ဝန်းကျင်ကောင်းနဲ့ အိမ်ကောင်းကောင်းလေးတစ်လုံးတော့လိုအပ်မှာပဲ။" ငါထောက်ပြလိုက်တယ်။
"ဆရာ၊ သူမလုပ်ခဲ့တဲ့အရာအတွက်နဲ့ကျွန်မသူ့ကိုထောင်ချလို့မရဘူး။" Florenceပြောလိုက်တော့ ငါမတတ်နိုင်ပဲ လက်သီးဆုပ်လိုက်မိတယ်။
"အင်း ကောင်းပြီလေ။ ကျွန်တော်ကြားတာတော့ သူက BlueTech ကငွေကြေးမန်နေဂျာတစ်ယောက်ဖြစ်ပြီး အရက်နဲ့ လောင်းကစားကြောင့် အလုပ်ဖြုတ်ခံရတယ်တဲ့။" ငါပြောရင်း သူမကို ငါ့အထောက်အထားတွေပြလိုက်တယ်။ သူမ fileကိုဖွင့်ပြီး အဲ့ဒါကိုကြည့်လိုက်တယ်။
"ဘယ်လိုလဲ?" ငါပြောနေရင်း ငါ့ဖိနပ်ကဒေါက်နဲ့ ကြမ်းပြင်ကို ထိနေလိုက်တယ်။
"အင်း။ ကျွန်မတို့ ဒီသတင်းအချက်အလက်တွေကို သုံးလို့ရနိုင်လောက်တယ်။" သူမပြောလိုက်တော့ ငါ့ဆီကနေ သက်ပြင်းချသံတစ်ခုထွက်လာတယ်။
"ဘယ်လိုပဲဖြစ်ဖြစ်သူလက်ခံရမှာပဲလေ။" သူမပြောတယ်။
"ဒါပေမယ့် သူကအခု ရိုင်းစိုင်းယုတ်မာတဲ့လူဖြစ်နေပြီလေ။" ငါသူမရဲ့စကားတွေကို မယုံကြည်နိုင်စွာနဲ့ စိတ်ဆိုးမာန်ဆိုးပြောလိုက်တယ်။
"ဆရာ၊ ကျွန်မက ဥပဒေအရလုပ်ဆောင်နေတာပါ။ ထောင်ကနေလွတ်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက သွေးရင်းမိဘအသနားခံစာတင်ဖို့နည်းလမ်းတစ်ခုတည်းရှိတယ်။" Florence ရှင်းပြတယ်။
"မိဘတွေက စွန့်ပစ်ခဲ့တာဆိုရင်ရော။ သူတို့ဘာပြောအုံးမှာလဲ?" ငါစားပွဲကို လက်သီးနဲ့ထိုးချလိုက်တယ်။
"ဆရာ ကျွန်မ ရှင့်ရဲ့ဂရုစိုက်မှုတွေအောက်မှာ ကလေးကို Henry Locksဆီကနေ ယူလာပေးနိုင်ပါတယ်။" သူမပြောတယ်။

YOU ARE READING
Addopted by the Billionaire(Mm Translation)
RandomI'm not own this story. I'm just a translator. Credits to original author. By the way she's so kind. https://www.wattpad.com/story/223853148?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=PhyuSin809...