31

19 1 0
                                        

Unicode

Ellie's POV:

ဒီလိုဖခင်မျိုးက ငါ့အဖေဆိုတာ ငါတကယ်ကိုမယုံနိုင်ဘူး။ ဒီလိုချောမောတဲ့ရုပ်ရည်ရအောင် ငါသေချာပေါက် သူ့ရဲ့မျိုးရိုးကို အမွေဆက်ခံမှဖြစ်မယ်။ သူငါ့ကို ဘူလီနေပေမယ့် ငါသူ့ကိုမချစ်ပဲမနေနိုင်ဘူး။ ငါ့လက်ရှိဖခင်က ရုတ်တရက်ထွက်ပေါ်လာပြီး အရာအားလုံးကလျင်လျင်မြန်မြန်ပဲဖြစ်ပျက်ခဲ့တယ်။ ဒယ်ဒီအတန်းအပြင်ကို အလုပ်ကိစ္စတွေဆုံးဖြတ်ချက်ကြနေရင်း လမ်းလျှောက်ထွက်သွားတာကို တွေ့တော့ ဘာတွေဖြစ်ပျက်နေမှန်း နားမလည်တော့ဘူး။ ဒယ်ဒီအဆင်ပြေဖို့ မျှော်လင့်ရတာပဲ။ ငါ့မျက်လုံးတွေဝေဝါးလာတယ်။ နောက်တော့ အစောကလူကြီး ပြန်ဝင်လာတယ်။ "Miss အယ်လီယာနာ" သူပြောတယ်။ ငါသူ့ကိုကြည့်လိုက်ပြီး ဒီအချိန်ငါ့ဆီမှာ မျက်ရည်တွေမရှိစေချင်ဘူး။ ဘာလို့ဆို အခုငါ ကလေးသေးသေးလေးတွေလိုငိုနေလို့ပဲ။ "ဒယ်ဒီအဆင်ပြေရဲ့လား?" ငါမျက်ရည်တွေနဲ့မေးလိုက်တယ်။ အခုမှမနက်၉နာရီပဲရှိသေးတယ်။ ငါကစိတ်တိုနေပြီ။ ငါစိတ်တွေလည်းရှုပ်ထွေးနေတယ်။ " Miss အယ်လီယာနာ စိတ်အေးအေးထားပါ။ မင်းရဲ့အဖေက စွမ်းဆောင်ရည်ကောင်းတဲ့လူတစ်ယောက်ပါ။ သူကရက်သတ္တပတ်အနည်းငယ်လောက်စီးပွားရေးခရီးထွက်သွားရုံပါ။" ထိုလူကြီးကပြောတယ်။ ရက်သတ္တပတ်အနည်းငယ်? အဲ့ဒါကအရမ်းကြာတာပဲ။ ငါရှိုက်ငိုလိုက်တယ်။ "မင်းရဲ့အဖေမကြာခင်ပြန်လာမှာပါ။ ကိုယ့်နာမည်က ဒီရစ်ခ်လို့ခေါ်တယ်" သူပြောတယ်။ "ဒယ်ဒီကိုပဲလိုချင်တယ်။" ငါကျယ်လောင်စွာအော်ဟစ်လိုက်တယ်။ ငါဒီလိုမျိုးဒယ်ဒီနဲ့တစ်ခါမှမခွဲဖူးဘူး။ ဒါကပထမဆုံးအကြိမ်ပဲ။ ဒယ်ဒီက ငါ့ကိုစောင့်ရှောက်ဖို့ လူတွေကိုပို့လိုက်တာပဲဖြစ်ရမယ်။ အမဲရောင်ဝတ်စုံနဲ့လူတွေဝင်လာပြီး သူတို့ထဲကတစ်ယောက်ငါ့ကိုချီလိုက်တယ်။ "အယ်လီယာနာ မင်းရဲ့အဖေကို မင်းမကြာခင်တွေ့ရပါလိမ့်မယ်။" သူတို့ထပ်ပြောတယ်။ ဒါပေမယ့် ငါ ငါ့ဒယ်ဒီကိုပဲလိုချင်တယ်။ "အယ်လီ သမီးဘာလို့အိမ်ကိုအရင်မပြန်တာလဲ?" Miss ပေါ့ပီပြောတယ်။ အတန်းထဲက ကလေးတွေက ဘော်ဒီဂတ်တွေကအရမ်းချောတာကိုကြည့်ပြီး ရွှင်မြူးနေကြတယ်။

Addopted by the Billionaire(Mm Translation)Where stories live. Discover now