32

17 0 0
                                    

Unicode

Ellie's POV:

ငါမျက်လုံးဖွင့်လိုက်တာနဲ့ ဒယ်ဒီ့ရဲ့အခန်းကမှောင်နေပြီ။ ငါဒီနေရာကိုဘာလို့ရောက်နေလဲဆိုတာမေ့လုနီးပါးပဲ။ သူလန်ဒန်ကိုထွက်သွားတာနဲ့ ငါ့ရဲ့ဘဝက‌မှောင်မိုက်သွားသလိုပဲ။ ငါထထိုင်လိုက်ပြီး အခန်းပတ်လည်ကိုကြည့်လိုက်တယ်။ နာရီကိုကြည့်လိုက်တော့ ည၇နာရီရှိပြီ။ နောက်တော့ တံခါးခေါက်သံကိုငါကြားလိုက်ရတယ်။ "Miss အယ်လီယာနာ" အိမ်အကူ အက်ဒ်မန်ရဲ့အသံပဲ။ ငါအိပ်ယာပေါ်ကထလိုက်ပြီး တံခါးဖွင့်လိုက်တယ်။

 "ဟိုင်း"

"ညစာစားတော့မလား?" တံခါးအပြင်ဘက်ကနေ သူမေးတယ်။ စားချင်စိတ်မရှိပေမယ့် ငါခေါင်းငြိမ့်လိုက်တယ်။ အိမ်အကူအက်ဒ်မန်က လှေကားကနေဦးဆောင်ခေါ်သွားတယ်။ ထမင်းစားပွဲအရှည်ကြီးကိုကြည့်ပြီး ငါအရမ်းအထီးကျန်လာတယ်။ ငါညစာစားပြီးတိုင်း ငါ့အဖေကငါနဲ့အတူထိုင်နေတာကိုအမြဲတွေ့နေကျဆိုပေမယ့် ဒီနေ့ကတော့အရင်နေ့တွေနဲ့ကွဲပြားတယ်။ ညစာစားတဲ့အခန်းကလွဲပြီး ပထမထပ်ကမီးတွေအားလုံးပိတ်ထားတယ်။ "အစေခံတွေဘယ်မှာလဲ?" ငါစိတ်ရှုပ်ထွေးစွာမေးလိုက်တယ်။ ငါအမှောင်ကိုမကြိုက်ပေမယ့် လေထုကအရမ်းအထီးကျန်ဆန်တယ်။ "သူတို့ကအခုညဆိုင်းလဲတဲ့အလှည့်ပါ။" အက်ဒ်မန်ပြန်ဖြေတယ်။ ဘီလီယျံနာတစ်ယောက်ရဲ့သမီးဖြစ်ရတာက မင်းဘယ်လောက်ပဲအလုပ်သမားတွေနဲ့ပေါ့ပေါ့ပါးပါးနေချင်ပါစေ အဖေခန့်ထားတဲ့အလုပ်သမားတွေက အရမ်းပရော်ဖက်ရှင်ဆန်တယ်။

သူတို့ကစက်ရုပ်လိုပဲ။ ဒါကြောင့်ငါအထီးကျန်သလိုခံစားရတာ။ ဒီမှာနေရတာက ငါတစ်ယောက်ထဲရှိနေသလိုပဲ ဘာလို့ဆိုတော့ ငါ့ကိုတစ်ယောက်မှ စကားမပြောလို့လေ။ ငါကျောင်းသွားဖို့လိုနေတုန်းပဲ။ "မေးခွန်းတစ်ခုလောက်မေးလို့ရမလား အက်ဒ်မန်?" ငါ့ပေါင်ပေါ်လက်သုတ်ပဝါတင်လိုက်ပြီး ငါထိုင်နေတဲ့ အနောက်ဘက်နည်းနည်းအလှမ်းဝေးတဲ့နေရာမှာရပ်နေတဲ့ အက်ဒ်မန်ကိုမေးလိုက်တယ်။ "မေးပါ Missအယ်လီယာနာ" အက်ဒ်မန်ပြန်ဖြေတယ်။ ဘုရားရေ ငါစက်ရုပ်နဲ့စကားပြောနေရသလိုပဲ။ "အိမ်စေတွေကဘာလို့မနက်ကျအလှည့်ပြန်ပြောင်းတောလဲ" ငါဆက်ပြောလိုက်တယ်။ "Missအယ်လီယာနာက သူတို့ကိုအလှည့်မပြောင်းဘဲအလုပ်ဆက်လုပ်စေချင်လို့လား?" မနိမ့်မမြင့်အသံနဲ့ပြောတယ်။ မဟုတ်ဘူး ငါအဲ့လိုဆိုလိုချင်တာမဟုတ်ဘူး။ ငါ့မျက်နှာကိုငါပြန်ရိုက်လုနီးပါးပဲ။ "မဟုတ်ဘူး သမီးမေးချင်တာက ဒီမှာတစ်ယောက်မှမရှိလို့လေ သူတို့ဘယ်ရောက်နေကြတာလဲလို့။" ငါရှင်းပြလိုက်တယ်။ "အယ်လီယာနာ မင်းရဲ့အဖေက ဘယ်ဧည့်သည်ကိုမှလက်မခံဖို့ပြောထားပါတယ်။" သူပြန်ဖြေတယ်။ ထပ်ပြီးတော့ အဲ့ဒီအသံ(အနိမ့်အမြင့်အတက်အကျမရှိတဲ့အသံ) ‌နဲ့ပဲ။ Siriနဲ့ပြောတာကပိုတောင်ကောင်းအုံးမယ်။ Siriတောင်ဟာသပြောတတ်သေးတယ်။ "ဒါပေမယ့် သူတို့က အစေခံတွေလေ ဧည့်သည်မှမဟုတ်တာ။" ငါပြောလိုက်တယ်။ "Miss အယ်လီယာနာ ဒီအိမ်ကြီးမှာ နေတဲ့လူတွေက မင်းရဲ့အလုပ်သမားသက်သက်ပါပဲ။" သူပြန်ဖြေတယ်။ ဟမ့် အစေခံနဲ့ကလေးက သူငယ်ချင်းတွေမဖြစ်နိုင်ဘူးလို့ သူဆိုလိုချင်တာလား? "သမီးအရမ်းပျင်းနေတယ်" ငါတောင်းဆိုလိုက်တယ်။ "Miss အယ်လီယာနာ ဒါကကျွန်တော့်လုပ်ပိုင်ခွင့်ထက်ကျော်လွန်နေပါတယ်." သူပြန်ဖြေတယ်။ ဘုရားရေ နံရံကိုစကားပြောနေရသလိုပဲ။ အိမ်တော်ထိန်းဆိုတာ ပြဿနာတွေအားလုံးကိုဖြေရှင်းပေးရမှာမဟုတ်ဘူးလား? ငါတို့စကားဆက်ပြောစရာမရှိတော့ဘူးဆိုတော့ ငါတိတ်ဆက်စွာနဲ့ ဆက်စားလိုက်တယ်။ အက်ဒ်မန်ကတော့ ငါအမိန့်ပေးမှာကို ရပ်စောင့်နေတယ်။ "သမီးပြီးပြီ"  ခုံပေါ်ကထလိုက်ပြီး ထမင်းစားခန်းထဲကမထွက်သွားခင် ငါပြောလိုက်တယ်။ နောက်တော့ ငါ့ထက်၄နှစ်လောက်ပဲကြီးမယ့် အိမ်စေတစ်ယောက်ကိုတွေ့လိုက်ရတယ်။ သူမက လှေကားကို သန့်ရှင်းရေးလုပ်နေတယ်။ "Miss အယ်လီယာနာ" သူမပြာပြာသလဲလဲနဲ့ ဦးညွှတ်အရိုသေပေးတယ်။ လူတွေအရိုအသေပေးကြတာက ရယ်ရတယ်။ "ဒီအချိန်ကြီးဘာလို့ လှေကားကိုသန့်ရှင်းရေးလုပ်နေတာလဲ?" ငါမေးလိုက်တယ်။ အစေခံတွေအားလုံး သူ့နေရာနဲ့သူရှိတယ်လို့ အက်ဒ်မန်ပြောခဲ့သလားလို့? "အာ အစေခံခေါင်းဆောင်က ကျွန်မအပြစ်ခံယူရမယ်လို့ ပြောထားလို့ပါ Miss အယ်လီယာနာ" အစေခံငယ်လေးကပြန်ဖြေတယ်။ ငါစဉ်းစားလိုက်ပြီး "အစ်မက အသက်၁၂နှစ်မဟုတ်လား?" ငါမေးလိုက်တယ်။ "ဟုတ်ပါတယ်ရှင့် ကျွန်မအမေနဲ့ကျွန်မကို သခင်မလေးရဲ့အဖေက အလုပ်နဲ့၊ နေစရာပေးထားတာပါရှင့်။" သူမပြန်ဖြေတယ်။ "သမီးကတော့ လှေကားမှာ ညစ်ပတ်နေတဲ့တစ်နေရာလေးတောင် မတွေ့ပါဘူး။" လှေကားထစ်၁၀၀ ဒါမှမဟုတ် အဲ့ထက်ကျော်တဲ့ လှေကားထစ်တွေကို ငါမော့ကြည့်ရင်း ပြောလိုက်တယ်။ "အစ်မနာမည်ဘယ်လိုခေါ်လဲ?" ငါမေးလိုက်တယ်။ ငါတစ်ယောက်ထဲရှိတဲ့အချိန်ကို ငါအသုံးချရမယ်။ အလုပ်သမားအားလုံး အင်း- သူတို့အားလုံးကို ငါပြောပြီးပြီ။ "စကိုင်လာ လို့ခေါ်ပါတယ်။" မိန်းကလေးကပြောတယ်။ "ကစားကြရအောင်။ ငါပြောလိုက်တယ်။ သူမမျက်လုံးတွေပြူးကျယ်လာတယ်။ "ကျွန်မမှာ  အလုပ်ရှိသေးတယ်  အယ်လီယာနာရှင့် "  စကိုင်းကပြောတယ်။ "သမီးကိုအယ်လီလို့ပဲခေါ်ပါ။" ငါပြောလိုက်တယ်။ တန်ဖိုးကြီးတဲ့အရာတစ်ခုကိုလက်ခံလိုက်ရသလိုမျိုး သူမမျက်လုံးတွေပြူးကျယ်လာတယ်။ "ကျွန်မအဲ့လိုခေါ်လို့မဖြစ်ပါဘူး Miss အယ်_" ငါ့လက်ကိုမြှောက်လိုက်တယ်။ ''အလုပ်ဖြုတ်လိုက်ရမလားပြော?'' ငါမျက်ခုံးတွေပင့်ပြီးပြောလိုက်တော့ သူမရဲ့မျက်နှာမှာကြောက်လန့်နေတဲ့အမူအရာတွေပေါ်လာတယ်။ ဟက်, အဖေ့ကိုအတုခိုးပြီးလုပ်လိုက်တာက ဘာလို့ တစ်စုံတစ်ယောက်ကိုကြောက်လန့်သွားစေလဲဆိုတာ ငါနားမလည်ဘူး။ ''Miss အယ်- မဟုတ်ပါဘူး အယ်လီ ကျေးဇူးပြုပြီး အလုပ်မဖြုတ်လိုက်ပါနဲ့။'' သူမတောင်းဆိုတယ်။ သူမကကျောင်းမှာရှိနေရမှာမဟုတ်ဘူးလား? သူမကိုဒယ်ဒီဘယ်လိုလုပ်ပြီး ရှာတွေ့ခဲ့တာလဲဆိုတာ ငါအံ့ဩမိတယ်။

Addopted by the Billionaire(Mm Translation)Where stories live. Discover now