Unicode
Antonio's POV:
ငါအောက်ထပ်ကားပါကင်မှာ ကားစပ်ရပ်လိုက်တယ်။
ဖိုင်ကိုကောက်ယူလိုက်တယ်။
ဓာတ်လှေကားနဲ့ ငါ့ဇိမ်ခံအိမ်ခန်းဆီကို သွားလိုက်တယ်။
အပေါ်ကုတ်ကိုချွတ်ပြီးခဏတွင်းချင်းမှာပဲ ငါ့ဆီဗလုံးဗထွေးရွတ်ပြီးပြေးလာတဲ့ ခေါင်းသေးသေးလေးတစ်လုံးကိုတွေ့လိုက်ရတယ်။
ငါEllieကိုကောက်ချီလိုက်တယ်။
သူမဒီနေ့၁၀နာရီခွဲမှနိုးလာတာက တကယ့်ကိုနောက်ကျနေပြီဖြစ်ကြောင်း၊ ဒီတစ်မနက်လုံးသူမဘာတွေလုပ်ခဲ့ကြောင်း ငါ့ကိုပြောပြတယ်။
ငါသူမကိုအောက်ချလိုက်ပြီး Jennaကိုရုံးခန်းထဲမှာသွားစောင့်နေဖို့ အကြည့်တစ်ချက်ပေးလိုက်တယ်။ နောက်တော့ ငါEllieကို ငါဘာလုပ်ရမယ်ဆိုတာတွေသူမကိုပြောပြလိုက်တော့ သူမဧည့်ခန်းထဲကို သွားလိုက်တယ်။
ငါရုံးခန်းထဲဝင်သွားလိုက်ပြီးတော့ တံခါးလော့ကိုချလိုက်တယ်။
Jennaက ငါ့ရဲ့မျက်နှာချင်းဆိုင်ခုံမှာထိုင်နေခဲ့တယ်။
"Jenna ဒါလေးကိုတစ်ချက်လောက်ကြည့်လိုက်။" ငါပြောလိုက်ပြီးတော့ သူမကို ဖိုင်တွဲကမ်းပေးလိုက်တယ်။
"Antonio.ဒါကတကယ့်ကိစ္စကြီးပဲဟ။" သူမစာတွေဖတ်ကြည့်ပြီး ပြောတယ်။
"အင်း။ဟုတ်တယ်မလား။" ငါ့ဆံပင်တွေထဲလက်ချောင်းတွေထိုးထည့်လိုက်တယ်။
"Jenna သူမမှာ ဖိအားတွေ၊တွန်းအားတွေအများကြီးရှိတယ်ဆိုတာငါသိပါတယ်။ ဒါပေမယ့် သူမကိုယ်ဝန်ဖျက်ချဖို့လုပ်ခဲ့တယ်ဆိုတာ ငါယုံတောင်မယုံနိုင်ဘူး။" ငါ့ဆုံလည်ကုလားထိုင်မှာထိုင်ချလိုက်တယ်။
"ဒါကမိန်းမတစ်ယောက်ရဲ့ခံယူချက်ပဲဆိုတာ နင်နားလည်ဖို့လိုတယ်။ သူမ၁၈နှစ်မပြည့်ခင်မှာ နင်သူမကို တွေ့လိုက်ရတာကို ကံကောင်းတယ်မှတ်။" Jennaဖိုင်တွဲကိုငါ့ဆီပြန်ပေးရင်းပြောတယ်။
"အင်း ငါဝမ်းသာပါတယ်။ ဒါပေမယ့် ငါအရမ်းအပြစ်ရှိသလိုခံစားရတယ်။ ငါ့မှာ လွန်ခဲ့တဲ့၅နှစ်ကတည်းက သမီးလေးတစ်ယောက်ရှိခဲ့တာ။" ငါနားထင်ကြောကိုပွတ်လိုက်တယ်။
![](https://img.wattpad.com/cover/301342131-288-k560880.jpg)
YOU ARE READING
Addopted by the Billionaire(Mm Translation)
De TodoI'm not own this story. I'm just a translator. Credits to original author. By the way she's so kind. https://www.wattpad.com/story/223853148?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=PhyuSin809...